COL : 28

1.5K 91 6
                                    

စားပွဲထိုးအလုပ်နှင့်တော်တော်အဆင်မပြေတာပင် အမြဲတမ်းရှက်ပြာရှက်ပြာနိုင်လွန်းတာကြောင့် တစ်ခုခုဆိုလျှင်
ရင်တုန်နေရသည့်အကျင့်ကြီးကိုပြင်ချင်သည်။
ညနေစောင်းမို့ ဆိုင်ထဲသို့လူတွေက
တစ်ဖွဲဖွဲပင်.....

လူထသွားသည့်ဝိုင်းတွေကို လိုက်သုတ်နေရင်း ဆိုင်ထဲသို့ ဝင်လာသော
ခြေနှစ်စုံကြောင့် ကာစတန်မာအားကြိုဆိုရန်မော့ကြည့်လိုက်သည့်အချိန်တွင်တော့ သူကံဆိုးသည့်နေ့ဟုပင်ဆိုရမလား။

"ဟင်....ရွက်စိမ်းမိုးသောက်မဟုတ်လား"

အိမ်ရာနွန်းခိုင်အား လက်ဆွဲကာဝင်လာသော ဖူးထက်ဖြာက မိုးသောက်တို့တွေ့တော့နှုတ်ဆက်လာလေသည်။

"ဟုတ်ပါတယ်။"

"ဒီမှာလုပ်တာလား ဒါမှန်းသိ အစထဲကဒီမှာလာထိုင်ပါတယ်။"

"အချိန်ပိုင်းပါ"

"ဟုတ်လား၊ ဒါဆို ထက်ဖြာတို့နဲ့ခဏလောက်လာထိုင်ပါလား စကားပြောကြမယ်လေ"

"ကျွန်တော်မအား......"

"လာပါ ဆိုင်ရှင်ကိုပြောပေးပါ့မယ်"

အတင်းခေါ်နေသဖြင့် မိုးသောက်မငြင်းနိုင်ခဲ့ပါ။ အခုချိန်ထိ အိမ်ရာနွန်းခိုင်း၏မျက်နှာအားမော့မကြည့်နိုင်။

ချောင်ကျသည့်ဝိုင်းတစ်ခုကိုရွေးကာ
ထိုင်လိုက်ပြီး ဖူးထက်ဖြာက တစ်ခြား
ဝိတ်တာတစ်ယောက်ကိုခေါ်ကာ မိုးသောက်အား အရေးကြီးပြောစရာရှိ၍ ခဏထိုင်ခိုင်းမည်ဖြစ်ကြောင်း
မန်နေဂျာအားသွား​ပြောခိုင်းလေသည်။

"အေးဆေးထိုင် ဖူးထက်နဲ့မိုးသောက်တစ်စိမ်းမှမဟုတ်တာကို"

"ဪ....ဟုတ်"

"မိတ်ဆက်ပေးမယ်၊ ဒါက ထက်ဖြာနဲ့စေ့စပ်တော့မယ့် သူလေ အိမ်ရာနွန်းခိုင်တဲ့"

"ဟုတ်"

"အိမ်ရာကသဘောကောင်းပါတယ်မိုးသောက်ရဲ့ခေါင်းမော့ထားလို့ရတာကို"

"ရပါတယ်။တွေ့ရတာဝမ်းသာပါတယ်။"

"ဝမ်းသာပါတယ်။"

"အိမ်ရာ သူကရွက်စိမ်းမိုးသောက်တဲ့
မြင်မြင်ချင်းအရမ်းခင်သွားတာသူ့ကိုချစ်စရာလေးမလား"

𝐶𝑜𝑛𝑡𝑒𝑛𝑡𝑠 𝙾𝚏 𝐋𝐨𝐯𝐞Where stories live. Discover now