𝐅𝐢𝐧𝐚𝐥

2.8K 93 14
                                    

"ဟုတ်တယ်။ သူ့လိုလူကိုမင်းထိခိုက်အောင်လုပ်ခွင့်မရှိခဲ့ဘူး။ မင်းလိုကောင်က သူ့ကိုဒီလိုလုပ်ခွင့်မရှိဘူး"

"ငါ့လိုကောင်! ဟားဟား ပြောစမ်းပါဦး
ငါ့လိုကောင်ဆိုတာဘယ်လိုမျိုးလဲ၊
လူကြားသူကြားထဲသာယာနေတဲ့
မင်းတို့လို မျိုး ငါ့လိုကောင်ကအောက်တန်းကျနေတာလား"

"အိမ်ရာစိတ်ထိန်းပါဦး"

"အောက်တန်းအကျဆုံးသတ္တဝါကမင်းဆိုတဲ့အိမ်ရာနွန်းခိုင်ပဲရှိတာ! အခုဘာတွေလာဖြစ်နေတာလဲ!"

"မင်းကငါ့လူ! ငါ့ယူထားတဲ့ငါ့မိန်းမ
အခုချိန်ထိမင်းကငါနဲ့ပဲဆိုင်တယ်။"

"ဟားဟားးရွံဖို့ကောင်းလိုက်တာ၊ "

"ငါ...."

ဖူးထက်ဖြာက ကြားမှဝင်တားလေသည်။

"ကျွန်တော်သူ့ကိုဘယ်လောက်ထိချစ်ရလဲ မင်းသိတယ်မလား မဖူးထက်"

"..................."

"မင်းငါ့ကိုချစ်တယ်။ ဟုတ်လား မင်းကငါ့ကိုချစ်တယ်တဲ့လား မင်းလိုကောင်ကချစ်တက်လို့လား"

"မင်းစောက်ပါးစပ်ကအဲလိုမပြောနဲ့ရွက်စိမ်းမိုးသောက်။ ငါချစ်တက်ပါတယ်ဆိုတဲ့အရွယ်ထဲက ငါ့မှာမင်းပဲရှိတာ
မင်းအထပ်ထပ်အခါခါငြင်းလို့အလူးအလဲဖြစ်ခဲ့ရတာလဲ ငါပဲ၊ ငါပြိုလဲခဲ့တဲ့ တစ်ခုတည်သော် အကြောင်းပြချက်က မင်းပဲ!"

".................."

"ဒါတောင်ငါကမင်းကိုမချစ်ဘူးလို့ပြောနေသေးတာလားဟမ်! မင်းကြောင့်နဲ့
တစ်သက်လုံးမိဘကိုပဲစိတ်တိုင်းကျစေခဲ့တဲ့ငါကမိဘကိုအတိုက်ခံလုပ်ဖို့တောင်ဆုံးဖြတ်ထားခဲ့တာ.....အခုလိုငါ့ရှေ့လာပြီး တစ်ခြားကောင်နဲ့ပလူးနေဖို့မဟုတ်ဘူး"

"ငါ...."

"နေဦး! ငါမင်းကိုချစ်လွန်းလို့ ငါချစ်ရတဲ့သူက ယောက်ျားတစ်ယောက်ဆိုတာရုတ်တရပ်သိသွားခဲ့ရတာတောင်
ငါမင်းဘက်မှာရှိနေပေးခဲ့တာကွ!
ဒါတောင်မင်းကိုငါကမချစ်ဘူးတဲ့လား"

ငါ ဟုပြောလိုက်သည့်အချိန်တိုင်း
ရင်ဘတ်ကို တစ်ဘုတ်ဘုတ်ရိုက်ရင်း
ဆိုနေသောကြောင့် မိုးသောက် လက်ကိုထိန်းထားမိသည်။
မောင်ကမျက်ရည်တွေတောင်ကျနေလေပြီမဟုတ်လား။
ရွဲ့ချင်လွန်းလို့ ပြောလိုက်ရသော်လည်း
မောင့်၏တုန့်ပြန်မူက သူ့ကိုဝမ်းသာစေ
သည်လား ဝမ်းနည်းစေသည်လား
မသဲကွဲတော့ မောင့်ထံမှ ချစ်တယ်ဆိုတဲ့စကားနှင့် အကြောင်းအရာများကြားရသည့်အတွက် ပျော်မိသော်လည်း
မောင်မျက်ရည်ကျနေတာကိုမြင်ရတော့
ပျော်တာထက်ပိုပြီး နာကျင်နေရတာ။

𝐶𝑜𝑛𝑡𝑒𝑛𝑡𝑠 𝙾𝚏 𝐋𝐨𝐯𝐞Where stories live. Discover now