"ခွဲစိတ်မူမအောင်မြင်ဘူး"
စိုင်းခမ်း ၏အပြောကြောင့် အိမ်တော်တွင် ရှိနေသော မိုးသောက် မျက်နှာပျက်သွားရသည်။
ဒီနေ့ဟာ ပတ်တီးသွားဖြည်တဲ့နေ့ပင်ဖြစ်သည်။သို့သော် မျက်လုံးအစားထိုးပြီးတာတောင်ပြန်မမြင်ရသေးဘူးဟုပြောသည်။
ဆရာဝန်ကလည်း ကောင်းလာမှာလို့ပြောထားတာပဲလေ ဘာလို့ ပြန်မမြင်လာရတာလဲ၊
"သူဘယ်လောက်တောင်စိတ်ထိခိုက်နေလိမ့်မလဲ"
"သခင်လေးတို့ အိမ်ပြန်လာနေပြီ၊ ကျွန်တော့်ကို အခန်းရှင်းထားလား လာ
ကြည့်ခိုင်းလို့ ကျွန်တော်အရင်ရောက်တာ""ဪ....အခန်းကရှင်းပြီးသားပါ"
"သခင်မလေး ဝမ်းနည်းသွားတာလား"
မိုးသောက် ၏သိမ့်ဝင်နေသော အသံကြောင့် စိုင်းခမ်းက မေးလာလေသည်။
မချစ်ကြဘူးဆိုပေမယ့်၊ မျက်လုံးပြန်မြင်ရဖို့က သူ့အတွက်မျှော်လင့်ချက်ဖြစ်နေမှာပဲလေ၊ မမြင်ရတော့ သူဘယ်လောက်တောင်စိတ်ဓာတ်ကျနေမလဲ ကိုယ်ချင်းစာမိတယ်။
အမှောင်ထဲမှာပဲ နေထိုင်နေရတဲ့လူတစ်ယောက်က ဒီလို အေးစက်စက်အမူယာပိုင်ရှင်ဖြစ်နေတာလဲ မထူးဆန်းပါဘူး။
ခဏအကြာတွင်စံအိမ်ထဲသို့
ကားအနက်ရောင်သုံးစီးစိုက်လာလေသည်။ထိုကားများဟာ နွန်းခိုင် အိမ်တော်အပိုင် များထဲက ဖြစ်ပြီး မိုးသောက်
နောက်ဘဝပေါင်း၆သောင်းလောက်
လူဝင်စားပြီး ရှာလျှင်တောင်ထိုကားတစ်စီးဖိုးကိုပင် ရမည်မထင်။ထိုနောက် အလယ်ကားထဲမှ လူကူများတွဲ၍ထွက်လာသောသူမှာ နွန်းခိုင်အိမ်တော် ၏သခင်လေး အိမ်ရာနွန်းခိုင် ဖြစ်လေသည်။
မျက်နှာမှာ အနည်းငယ်ချောင်ကျသွားပြီးဖြူဖက်ဖြူရောနှင့်မို့ စိတ်ဓာတ်ကျတာကာအားနည်းသွားသည်ဟု မိုးသောက်ယူဆလိုက်သည်။
သို့သော်ထူးဆန်းစွာ အိမ်ပေါက်ဝနားတွင်ရပ်နေသော သူ့ဘေးသို့
ဖြတ်သွားသည့်အချိန်တွင် ဘယ်သူမှသတိမထားမိနိုင်သည့် အချိန်အခိုက်၌
မိုးသောက်ဘက် လှည့်ကြည့်သွားတာကိုမြင်လိုက်ရသည်။
YOU ARE READING
𝐶𝑜𝑛𝑡𝑒𝑛𝑡𝑠 𝙾𝚏 𝐋𝐨𝐯𝐞
Romanceမောင့်ရဲ့သစ်ရွက်စိမ်းလေး။ 📌Cover from pinterest (Mini story) Aain Yar Noon Khine+Yazt Sane Moe Thout