COL : 21

2K 127 5
                                    

ညတာက တိုတိုလေးပင်၊ ဘာလိုလိုနှင့်တစ်ဖန်မနက်ခင်းသို့ရောက်ရှိလာခဲ့ပြန်သည်။ယခုမနက်နိုးထခြင်းသည်ယခင်နေ့များနှင့်မတူပဲ
သာယာခြင်းကိုခံစားရသည်။

သို့သော် နိုးနိုးခြင်းလိုက်ရှာမိသည်က ရွက်စိမ်းမိုးသောက်ကိုပင်။
ဘေးသို့ကြည့်လိုက်တော့ လူမရှိသောကြောင့်ပြာပြာသလဲထလာပြီးမှ ပြန်တွေးကြည့်တော့ကိုယ့်ကိုကိုယ်တောင်နားမလည်နိုင်။

"ဘာလဲကွာ.......မျက်စိအောက်ကပျောက်လို့မရတဲ့ခံစားချက်ကြီး"

ထိုခံစားချက်များကိုဖယ်ထုတ်ခြင်သည့် ဆန္ဒနှင့်ဆံပင်တို့ကိုလက်နှင့်ထိုးဖွလိုက်သည်။

"မကြိုက်ဘူး ဒီလိုခံစားချက်တွေ"

ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းထဲသို့ဝင်လာပြီးသည့်တိုင်အောင် မှန်ကိုသေချာစိုက်ကြည့်နေမိသည်။
မှန်ထဲရှိပုံရိပ်က အိမ်ရာနွန်းခိုင်ဆိုတဲ့ သူမဟုတ်ပဲဆံပင်ရှည်တို့ကိုဖြန့်ချထားကာ တောက်ပသောအပြုံးဖြင့် သူ့ကိုပြုံးပြနေတဲ့ ထိုလူသားရဲ့ပုံရိပ်ပင်။

နောက်လှည့်ကြည့်မိတော့ သူမှလွဲဘယ်သူမှမရှိ၊လက်ဝါးထဲသို့ရေထည့်လိုက်ရင်း မျက်နှာကိုအလျှင်အမြန်သစ်ချလိုက်ကာ မှန်ပြန်ကြည့်တော့မှ
မိမိပုံရိပ်ကိုပြန်မြင်လာရသည်။

"အခုထိငါအိပ်ချင်မပြေသေးဘူး"

သွားတိုက်တံယူရန် သွားတိုက်ခြင်းထဲသို့လက်လှမ်းလိုက်ချိန်တွင် သွားတိုက်ဆေးအသင့်ထည့်ပြီးသား
သူ၏သွားတိုက်တံလေးတစ်ချောင်းကအထင်းသား..

"အပိုတွေလုပ်နေတယ်။"

အပြောနှင့်လက်တွေ့တို့မညီစွာ၊ အိမ်ရာနွန်းခိုင်၏မျက်နှာထက်ရှိအပြုံးသည် အလွန်အသက်ဝင်နေလေသည်။

သွားတိုက်ပြီးချိန်တွင် ပလုတ်ကျင်းရင်း
မှန်သို့ပြန်ကြည့် ချိန်တွင်တော့ သူ့ဘေးတွင်ရွက်စိမ်းမိုးသောက် ရှိနေသည်ဟုမြင်ယောင်လာပြန်သည်။

မှန်ထဲရှိပုံရိပ်ကိုသေချာပြူးကြည့်ရင်းမှ

"ပေါက်ကရအမြင်တွေထွက်သွားစမ်း"

𝐶𝑜𝑛𝑡𝑒𝑛𝑡𝑠 𝙾𝚏 𝐋𝐨𝐯𝐞Where stories live. Discover now