တီ~တီ
VIP roomတစ်ခုတွင် ညနေစာစားရန်
ရှိနေကြသော သူတို့နှစ်ယောက်၊
အိမ်ရာတစ်ယောက် အိတ်ကပ်ထဲရှိဖုန်း
လာသံကြောင့် ကိုင်လိုက်လေသည်။"ဟယ်လို မာမီ"
'သားမိုက်! မင်းအခုချက်ချင်းအိမ်ပြန်လာခဲ့စမ်း´
ဖုန်းထဲမှဒေါသတကြီး အော်ပြောလာသော မိခင်ဖြစ်သူအသံကြောင့်
"မာမီ...."
'မင်းကအိမ်ပြောင်းနေမယ်ပြောတော့
ဪ ဒီမိန်းမနဲ့ သီးသန့်နေချင်လို့နေမယ်လေဆိုပြီး ငါလွှတ်ထားခဲ့တာ၊
ဒီရက်ထဲဖြစ်သွားတဲ့ကိစ္စတွေငါဘာမှမသိရဘူး ၊ ငါ့ကိုအမေလို့သက်မှတ်သေးရဲ့လား´"သားဘာလုပ်နေလို့လဲမာမီ"
'မင်းရဲ့ဟာက မိန်းမမဟုတ်တဲ့အခြောက်ကောင်ဖြစ်နေတာလေ´
"အဲလိုမပြောနဲ့မာမီ ၊ ဒါမာမီသဘောတိုင်းလက်ထပ်ခဲ့တဲ့သူလေ"
'ငါတို့မျိုးဆက်အတွက်လေအိမ်ရာနွန်းခိုင်၊ ဒီခေတ်ကြီးထဲမှာ ဂေးတွေအခြောက်တွေငါစိတ်မဝင်စားဘူး၊
ဒါပေမယ့် ငါလိုချင်တာမျိုးဆက်
နွန်းခိုင်အိမ်တော်ရဲ့သခင်ကြီးနဲ့သခင်မကြီးရဲ့တစ်ဦးတည်သောသားနဲ့တစ်ဦးတည်သော ချွေးမရဲ့ ကလေးကိုလိုချင်တာ´"မာမီ ဒီခေတ်ကြီးထဲမှာ ကလေးတစ်ယောက်ယူဖို့ဘာမှမခက်ဘူးလေ"
'မလိုချင်ဘူး၊ အငှားကိုယ်ဝန်တွေဘာတွေငါလက်မခံနိုင်ဘူးအိမ်ရာနွန်းခိုင်´
"မာမီ! အဲလောက်အစွဲမကြီးနဲ့လေဗျာ"
'အေး ကြီးတယ်၊ ငါအစွဲကြီးတယ် အငှားကိုယ်ဝန်အကူညီနဲ့တော့ငါ့မျိုးဆက်ကိုမယူနိုင်ဘူး၊ မင်းအခုချက်ချင်းအိမ်ပြန်လာ အဲကောင်နဲ့ကွာရှင်းဖို့ကိစ္စငါတို့ဆက်လုပ်မယ်´
"မကွာနိုင်ဘူး မာမီ"
'မင်း!´
တစ်ဖက်ရှိအသံကို ဆက်နားမထောင်
တော့ပဲစိတ်ရှုပ်စွာဖုန်းချလိုက်တော့
ရှေ့ရှိ လူသားက အိမ်ရာ့အား ကြည့်နေလေသည်။"ဘာဖြစ်တာလဲမောင်"
"ဘာမှမဖြစ်ဘူး။"
ထိုသို့ပြောပြီး ဘာမှဆက်မပြောတော့သောကြောင့် အလိုက်သိစွာပဲ မိုးသောက်ညိမ်နေလိုက်သည်။
YOU ARE READING
𝐶𝑜𝑛𝑡𝑒𝑛𝑡𝑠 𝙾𝚏 𝐋𝐨𝐯𝐞
Romanceမောင့်ရဲ့သစ်ရွက်စိမ်းလေး။ 📌Cover from pinterest (Mini story) Aain Yar Noon Khine+Yazt Sane Moe Thout