COL : 26

1.5K 85 7
                                    

"အသက်၂၀ကျော်တုန်းကလေ အိမ်ကမိဘတွေက ဖြာ့ကို အိမ်ထောင်ပြုစေချင်ကြတာ၊ ဒါပေမယ့် ကိုယ့်ရည်မှန်းချက်အတွက်အများကြီးကြိုးစားရဦးမှာဆိုတော့ အနှောင့်ဖွဲ့မစောချင်ဘူးလေပြီးတော့အဲအချိန်တုန်းကအချစ်ဆိုတာဘာမှန်းတောင်မသိခဲ့တာဆိုတော့ လက်ထပ်စရာလူလည်းမရှိဘူး  ဒါနဲ့ ၅နှစ်လောက်အချိန်ပေးဖို့ပြောခဲ့တာ ၂၅နှစ်ပြည့်လို့မှ ကိုယ်ချစ်ရတဲ့သူကိုမတွေ့ခဲ့ရင်မိဘပေးစားတဲ့သူကိုပဲယူဖို့ အခု၂၅ကျော်နေတာတောင်
မတွေ့သေးတော့ မိဘစီစဥ်ပေးတာကိုလည်းငြင်းမရတော့ဘူးလေ။"

ကော်ဖီဆိုင်တွင်ထိုင်ရင်း အိမ်ရာနွန်းခိုင်နှင့်ဖူးထက်ဖြာတို့နှစ်ယောက်ရင်းနှီးမူယူနေကြသည်။

အခုမှမြင်ဖူးကြတာမို့ တစ်ယောက်အကြောင်းတစ်ယောက်ဖလှယ်ရမည်။

သို့သော် ဖူးထက်ဖြာကပွင့်လင်းပေါ့ပါးစွာပြောနေသော်လည်း အိမ်ရာ့နွန်းခိုင်မှာတော့စိတ်မပါနိုင်။
သို့သော်ရှေ့ရှိမိန်းကလေးကိုအားနာသည်ကြောင့်...........

"မဖူးထက်ဖြာကရှေ့နေ့လို့မာမီကပြောတယ်၊ တော်တယ်နော်။"

"ဟင်း......မိဘဆန္ဒကြောင့်ပါ တစ်ကယ်ဖြစ်ချင်တာက ဆံပင်ဒီဇိုင်နာလေ"

"ဪ....ဘာပဲဖြစ်ဖြစ်တော်ပါတယ်။"

"အခုစိတ်ညစ်နေတာလား"

"ဘာလို့လဲဗျ"

"မျက်နှာကမှိုင်းနေလို့ပါ"

"ဪ....မဟုတ်ပါဘူး။"

"ဖြာနဲ့လက်ထပ်ဖို့ကိစ္စအဆင်မပြေရင်
ဖြာနဲ့အိမ်ရာအရင်ညှိ့နှိုင်းပြီး မိဘတွေကိုပြန်ပြောလို့ရပါတယ်နော်၊ အနာဂတ်မှာ အတူတူတွေ့နေရမှာဆိုတော့
ခုထဲကပွင့်လင်းတာအကောင်းဆုံးပေါ့"

"ဟုတ်ကဲ့ မဖူးထက်ဖြာက ထက်မြတ်တဲ့မိန်းကလေးတစ်ယောက်လို့မြင်တာကြောင့် ကျွန်တော်ငြင်းစရာတော့မရှိပါဘူး။"

"သေချာရဲ့လား"

"ဒါပေမယ့်....လက်ထပ်ပြီးရင် စိတ်မလုံသလိုခံစားနေရမှာမို့လို့ ကျွန်တော်....."

"ကျွန်မကိုပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်။"

စကားတွေပြောပြီးနောက်ညနေစောင်းတွင် ဖူးထက်ဖြာအားအိမ်လိုက်ပို့ပြီး
သူပါအိမ်သို့ပြန်လာခဲ့သည်။

𝐶𝑜𝑛𝑡𝑒𝑛𝑡𝑠 𝙾𝚏 𝐋𝐨𝐯𝐞Where stories live. Discover now