"ကိုကို"
"အင်း"
"ဘာအင်းလဲ ကိုကိုနော်"
"မင်းကိုပြောစရာရှိတယ်"
"အာ...ပြောလေကိုကိုရဲ့"
မိမိလက်ကိုတွဲထားသော
မြတ်နိုးပွင့်၏လက်ကိုဖြုတ်လိုက်ကာ"နောက်တစ်ခါ သူ့ရှေ့မှာ ငါနဲ့ရင်းနှီးသလိုမနေနဲ့"
အိမ်ရာ၏အပြောကြောင့် မြတ်နိုးပွင့်က
ချွဲပျစ်နေသောမျက်နှာထားမှ ချက်ချင်း တည်သောအနေအထားဖြင့်"လူသတ်သမားရဲ့သမီးကို ဘာလို့အရမ်းဂရုစိုက်ပြနေတာလဲ"
"အဲကိစ္စကိုမင်းထပ်မပြောနဲ့"
"ဘာလဲ ရှင့်အမေနဲ့ အဲလူသတ်သမား
ထောင်ထဲရောက်သွားမှာကိုကြောက်လို့လား""ဒီကိစ္စမှာမင်းလည်းအပြစ်ကင်းလို့လားမြတ်နိုးပွင့်"
"............."
"ကားဘရိတ်ကြိုးဖြတ်ခိုင်းတာကငါ့အမေဆိုရင် အကြံကိုသိရဲ့သားနဲ့ မင်းအမကို ငါနဲ့လိုက်ဖို့မတားတာက ဘာလို့လဲ"
ထိုစကားကြောင့်
မြတ်နိုးပွင့်၏မျက်နှာပျက်သွားလေသည်။"မင်းအမသေရတာ မင်းကြောင့်လဲပါတယ်လေ"
"အဲတော့ရော အဓိကလူကရှင့်အမေပဲလေ"
"..........."
"ရှင်ရော ကိုယ့်ကိုထိခိုက်အောင်လုပ်ခဲ့တဲ့သူကိုဘာလို့ကာကွယ်ပေးနေတာလဲ"
"ငါ့အမေက ငါ့ကိုထိခိုက်စေချင်တာမဟုတ်ဘူး၊ သစ္စာမရှိတဲ့မင်းအစ်မကို"
"ကျွတ်...ကျွတ်၊ သားလိမ်မာလေးရယ်"
"........"
"ရှင့်မျက်စိပြန်မြင်ရတာဘာလို့ကျွန်မကိုမပြောတာလဲ"
"မင်းနဲ့ငါဘာအကန့်မှမရှိဘူး"
"စိမ်းကားတယ်ပေါ့၊ ဘာလဲရှင့်အမေနဲ့ရှင့်ယောက်ခထီး ထောင်ထဲမှာသံတိုင်ဖက်ပြီးနေရမှာကိုစိုးရိမ်လို့လား"
"မင်းနောက်တစ်ခါ ငါနဲ့သူ့ကြားဝင်မပါနဲ့ မြတ်နိုးပွင့်၊ မင်းအခုပြောထားတဲ့
စကားသံတွေက မင်းဆိုတာ အရမ်းသိသာနေတာမလား "
YOU ARE READING
𝐶𝑜𝑛𝑡𝑒𝑛𝑡𝑠 𝙾𝚏 𝐋𝐨𝐯𝐞
Romanceမောင့်ရဲ့သစ်ရွက်စိမ်းလေး။ 📌Cover from pinterest (Mini story) Aain Yar Noon Khine+Yazt Sane Moe Thout