ကားထဲသို့ဝင်လာကာဘာမပြောညာမပြောဖြင့်မောင်းထွက်သော အိမ်ရာနွန်းခိုင်ကြောင့်ကားနောက်ခန်းရှိ မိုးသောက်မှာ အလန့်တကြားပင်
"မောင်....ဖြည်းဖြည်းမောင်းပါ"
"တောက်ခ်!"
တောက်တစ်ချက်ခေါက်ကာ မိုးသောက်အားဘာမှပြန်မပြောပဲ အရှိန်မြင့်စွာ မောင်းနှင်းနေစဲပင်၊
"မောင်"
"ခင်ဗျားပါးစပ်ပိတ်ပြီးလိုက်လာ"
"................"
အချိန်အနည်းငယ်မောင်း ပြီးနောက် ရပ်လိုက်သည်ကဆေးရုံတစ်ခု၏ရှေ့ပင်ကားရပ်ပြီးနောက်ရှေ့ခန်းမှဆင်းလာကာမိုးသောက် ၏နောက်ခန်းတံခါးသို့လာဖွင့်ရင်း
"ထွက်"
"ဘာလုပ်မလို့လဲ"
"ခင်ဗျား စောက်ဒဏ်ရာကိုဆေးထည့်ရမယ်လေ"
"ငါဘာမှမဖြစ်ပါဘူး"
"ကျစ်! ဆင်းဆိုဆင်းလိုက်ကွာ"
ပြောရင်း မိုးသောက်၏လက်ကိုဆွဲကာ
ဆေးရုံထဲသို့ဦးဆောင်ဝင်သွားလေသည်။"သွေးထွက်မလွန်းလို့စိုးရိမ်စရာမရှိပါဘူး"
"မင်းပြောနေတာ ဒီတစ်ယောက်က
အအေးမိရင်တောင်ဖျားနေတဲ့ခန္ဓာကိုယ်""................."
ဆရာဝန်နှင့်သိကျွမ်းနေသိသည်ထင်
တရင်းတနှီးစကားပြောနေလေသည်။
အိမ်ရာနွန်းခိုင်ဆိုသည့်လူက
အပေါက်ဆိုးသည်ကတော့အမှန်ပင်၊
ဆရာဝင်ခင်ဗျာ ပါးစပ်အယောင်းသား
မျက်စိရှေ့တွင် သူ့အကြောင်းပြောကာ
ငြင်းခုံနေသောကြောင့် မိုးသောက်ခင်ဗျာကုတင်ပေါ်တွင်ထိုင်နေရင်း
ကြောင်တောင်တောင်ဖြစ်ရသည်။"ဒါဆိုဒီညဒီမှာပဲ နေသွားလိုက်လေ"
"ဆေးရုံမှာနေရအောင် ဘာရောဂါဖြစ်နေလို့လဲသူက"
"..............."
ဂလန့်တွေကြီးပြောနေပုံကြောင့်
ဆရာဝန်ခင်ဗျား အိမ်ရာနွန်းခိုင်အား
အနိုင်မယူနိုင်တော့ချေ။
စိုးရိမ်စရာမရှိဘူးလို့ပြောတော့လဲ
လက်မခံ၊ ဒါဆိုရင် စိတ်ချရအောင်ဆေးရုံမှာ တစ်ညလောက်အိပ်ဆိုတော့လဲမဟုတ်ပြန်။
YOU ARE READING
𝐶𝑜𝑛𝑡𝑒𝑛𝑡𝑠 𝙾𝚏 𝐋𝐨𝐯𝐞
Romanceမောင့်ရဲ့သစ်ရွက်စိမ်းလေး။ 📌Cover from pinterest (Mini story) Aain Yar Noon Khine+Yazt Sane Moe Thout