"နိုးလာထဲကခုထိစကားမပြောပဲနေတော့မှာလားရွက်စိမ်းမိုးသောက်!"
ကုတင်ပေါ်တွင်ထိုင်လျှက်ရှိနေပြီး ငိုင်နေသောမိန်းကလေးက ဘာစကားတစ်လုံးမှမပြောပဲတိတ်ဆိတ်စွာထိုင်နေသည်ကို သူကြည့်နေတာကြာပြီပင်....
"ဟေ့ မိန်းကလေး၊ အခုစိတ်ဆိုးမပြေသေးတာလား"
"မိန်းကလေးရေ....ဒီတိုင်းထိုင်နေရင် ခင်ဗျားခြေထောက်တွေကျင်မနေဘူးလား"
"ကျုပ်ပြောတာကြားရက်နဲ့"
ရှေ့မှလာထိုင်ရင်းတောက်လျှောက်စကားထိုင်းပြောနေသောသူကို မိုးသောက် တော်တော် စိတ်ရှည်ထားရသည်။ သူကရူးနေသည်လား၊
စိတ်မမှန်သည်လား၊ဦးနှောက်ပျက်နေသည်လား မသိပေမယ့်စိတ်က
အခုတစ်မျိုးတော်ကြာတစ်မျိုးပြောင်းလွန်းလို့သူစိတ်ကောင်းဝင်နေချိန်တောင် စကားပြန်မပြောရဲတော့ပေ
အကျင့်ပါတယ်။"လူငယ်ကစကားပြောနေရင် ပြန်ပြောရတယ်လေ၊"
"လူကြီးစကားပြောနေရင် ပြန်ပြောရတာဟ"
"ဘာလူကြီးလဲ ခုချိန်မှာ ကျုပ်ကခင်ဗျားထက်ငယ်ပေမယ့် ခင်ဗျားယောက်ျားလေ"
"မှတ်တောင်ထားရဦးမယ်"
"သေချာတာပေါ့"
"ဘာဖြစ်ချင်နေတာလဲ အိမ်ရာနွန်းခိုင်ရာ "
"ဘာမှမဖြစ်ချင်ပါဘူး မိုးသောက်နွန်းခိုင်ရယ်"
"ဟာ"
"ဟီးဟီး"
"ငါအိပ်ချင်ပြီ....အိပ်တော့မယ်"
"ခုမှနိုးလာတာမဟုတ်ဘူးလား"
ဟုတ်သားပဲ၊ သူနိုးလာတာမှမကြာသေးတာ၊ဒါပေမယ့် မိုးသောက် ရှေ့ရှိလူနှင့်ကြာကြာစကားမပြောချင်ပါ၊ သူကောင်းကောင်းဆက်ဆံပြီးရင်
နောက်ထပ်မကောင်းတာပဲလာမှာ၊
အနာပေးလိုက်ဆေးပေးလိုက်လူမျိုးကို
သူမတွယ်တာမိအောင်နေမှတော်ကာကြမှာ...."ပြန်အိပ်ချင်လို့"
"နေပါဦး"
"........"
"မောင် တော်တော်သဝန်တိုသွားတာသိလား"
"ဘာဆိုင်လဲ၊ ငါတို့ကချစ်လို့ယူထားကြတာလဲမဟုတ်"
YOU ARE READING
𝐶𝑜𝑛𝑡𝑒𝑛𝑡𝑠 𝙾𝚏 𝐋𝐨𝐯𝐞
Romanceမောင့်ရဲ့သစ်ရွက်စိမ်းလေး။ 📌Cover from pinterest (Mini story) Aain Yar Noon Khine+Yazt Sane Moe Thout