2011....
မိုးတွေသည်းပြီး လျှပ်စီးတွေလျှပ်နေခဲ့တဲ့
ကြောက်စရာကောင်းတဲ့ ညမှာ..။နန်းတော်လို အိမ်ကြီးထဲမှာ မီးတွေလင်းထိန်
နေသော်လည်း ကြားရတဲ့ဆူညံသံတွေဟာ
သာယာဖွယ် မရှိလှခဲ့ပါ..။ခင်ဗျားတို့ကြားဖူးကြသလား...။ ချမ်းချမ်းသာသာ
ပြီးပြည့်စုံပြီး ရွှေဇွန်းကိုက်မွေးလာပါစေ
မိသားစုတစ်ခုမှာ နားလည်မှု၊နွေးထွေးမှု၊ ချစ်ချင်းမေတ္တာတွေ မရှိရင် အလကားပဲ ဆိုတာကိုလေ..။တစ်နေ့တစ်နေ့ မွေးဖွားလာထဲက ဆူညံသံတွေကို
နားထောင်ပြီး အသက်ရှင်ခဲ့ရတာ...။ ဇိမ်ကျပေမယ့်လည်း ဒီဘဝကြီးက မနှစ်မြို့စရာကောင်းလွန်းလှသည်..။ကြီးမားလှပြီး ရွှေရောင်ဝင်းနေသည့် ဧည့်ခန်းအလယ်မှာ ရန်ဖြစ်နေသည့် မိန်းမနဲ့ ယောင်္ကျားဟာ
ဧည့်ခန်းရဲ့ အလှကို ဖျက်စီးနေသည့်အလား..။အပေါ်ထပ် လှေကားထောင့်စွန်းလေးကနေ
ကွေးကွေးလေးထိုင်ပြီး မရဲတရဲချောင်းကြည့်နေသည့် ၇နှစ်အရွယ် ကောင်လေးငယ်ဟာ
သူများကလေးတွေလိုငိုယိုခြင်းလဲမရှိပဲ
ထိုမြင်ကွင်းကို မျက်နှာသေဖြစ်သာ
ချောင်းကြည့်နေသည်..။ဧည့်ခန်းထဲက သန်းချီတဲ့ အလှပန်းအိုးတွေ
တစ်လုံးပြီးတစ်လုံးကွဲနေသည်..။ အခုလဲ
တစ်လုံးထပ်ကွဲသွားပြန်သည်..။ ပြီးရင်
သူဌေမကြီးဟာ နောက်တစ်လုံးအသစ်
ထပ်ဝယ်ခိုင်းတယ်ပင်..။ငါမေးချင်မိပါတယ်..။ ထပ်ဝယ်လဲထပ်ကွဲမှာပဲကို
ဘာလို့များ ထပ်ခါထပ်ခါ ဝယ်နေရလဲလို့..။ဧည့်ခန်းထဲကရန်ပွဲဟာ ပြင်းသထက် ပြင်းလာခဲ့သည်..။ အိမ်အကူတွေဟာ ထိုကောင်လေးကို
အခန်းထဲဝင်နေဖို့အတွက် ပြောပေမယ့်
ကောင်လေးငယ် ငြင်းဆန်နေသည်..။အဲ့အချိန် အသံနက်ကြီးတစ်ခုကြောင့်
ကောင်လေးဟာ လန့်သွားရသည်...။
တစ်ခါမှ မကြားဖူးတဲ့အသံမျိုး
ဘဝမှယ ပထမဆုံးအကြိမ်ကြားလိုက်ရခြင်းပဲ..။သေနတ်သံ..။
လှေကားကနေ အရဲစွန့်ပြီး ချောင်းကြည့်ပြန်သည်..။ မြင်ကွင်းဟာ ၇နှစ်သားအရွယ်
ကောင်လေးကို သွေးပျက်စေခဲ့သည်..။
ပြီးတော့ အဲ့မြင်ကွင်းဟာ မှတ်ညဏ်ထဲမှာ
တစ်သက်လုံးဆွဲသွားမှာပင်..။