နာကျင်ကိုက်ခဲနေသော ခေါင်းနဲ့အတူ
နိုးထလာခဲ့သည်..။ မောင်က မနေ့ကအဖြစ်အပျက်တွေကို ပြန်ပြီး သတိရသွားသည်..။ ဖြစ်ပြီးတာတွေ
ဘာမှလုပ်လို့မရတော့တာကြောင့် ခေါင်းသာ
တစ်ချက်ခါပြီး မောင်ကထထိုင်သည်..။ကြမ်းပြင်ပေါ်မှာထိုင်ပြီး ဆိုဖာခြေရင်းမှာ
ခေါင်းချပြီး အိပ်နေသည့် အမျိုးသားလေးငယ်လေး..။ မောင်က မြင်တာနဲ့ အားနာစိတ်တွေ
တန်းပြီးဝင်လာသည်..။ မောင်က ဖောက်ပြန်
ခါနီးတောင် ဖြစ်တော့မှာမဟုတ်လား..။မနိုးသေးပဲ မောင်က ဒီတိုင်းပဲ ထိုင်ကြည့်နေမိသည်..။ လက်လွှတ်ရမှာဆိုးလို့သာ မောင်က
တစ်ဇွတ်ထိုးဆန်ခဲ့မိတာ..။ မောင့်အမှားလဲ
ပါသည်..။မောင်က အချစ်ကို မျက်ရည်တစ်စက်တောင်
မကျစေချင်ပေမယ့်..အချစ်မျက်ရည်ကျမဲ့
လုပ်ရက်တွေကိုပဲ မောင်က လုပ်နေမိသည်..။မောင်က တဖြည်းဖြည်းပြင်ဆင်ဖို့အတွက်
ကြိုးစားပေမယ့်လည်း မောင်က အမှားတွေကိုပဲ
ဆက်ပြီးလုပ်နေမိသည်..။" မောင်.."
တစ်ခုခုစိုက်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့်
မှိတ်ထားသည့် မျက်လုံးတွေက နိုးထလာသည်..။
မျက်လုံးဖွင့်တာနဲ့မောင့်ကိုတွေ့ရသည်..။ မောင်က
ဒီတိုင်းလေးပဲထိုင်ပြီး သူ့ကို ကြည့်နေရဲ့..။" မောင့်ကြောင့်နိုးသွားတာပဲ..အိပ်ခန်းထဲမှ
ဆက်အိပ်နော် မောင်ပြောင်းပေးမယ်.."" ရတယ်မောင် ငါမအိပ်ချင်တော့ပါဘူး.."
ပြန်လည်တိတ်ဆိတ်သွားပြန်သည်..။ မောင်က
ကြမ်းပြင်တွေကိုစိုက်ကြည့်နေတော့သည်..။
မောင့်အပြုအမှုတွေကို သိရုံနဲ့ မောင်တစ်ခုခု
ပြောချင်နေတယ်ဆိုတာ ငါသိသည်..။" မောင်.."
မောင်က လှည့်ကြည့်လာသည်..။ ငါအသက်ကို
ပြင်းပြင်းရှူပြီး ပြောဖို့အတွက် အားယူလိုက်သည်..။" ငါတောင်းပန်ပါတယ် မနေ့က ငါအဲ့လိုမပြောခဲ့သင့်ဘူး ငါမှားခဲ့တယ် မောင်ပြောတာ မှန်ပါတယ်
ငါရုတ်တရက်ကြီးဆိုတော့ ဘာလုပ်ရမှန်း
မသိတော့လို့ပါ မောင်လက်ထပ်ချင်ရင်
ငါသဘောတူတယ်.."
YOU ARE READING
Smile For The Picture { COMPLETE }
Fiksi Penggemar" wrong person..." GEMINI X FOURTH