ဒီနေ့လည်း မိုးတွေရွာနေခဲ့ပြန်တယ်...။ မိုးရာသီကို
ငါတကယ်မုန်းတယ်..။ နေရာတိုင်းမှာ စိုစိုစွတ်စွတ်နဲ့
ငါသဘောမကျပါဘူး..။ အထူးသဖြင့် မိုးခြိမ်းသံ
တွေကိုပေါ့..။မောင်ဒီနေ့အိမ်မှာရှိနေတယ်..ဒါပေမယ့်လည်း
မောင့်ဘက်မှာလဲ ရာသီဥတုက သိပ်ကောင်းတယ်
ရယ်လို့တော့ မဟုတ်ပေ..။ မောင့်ကြည့်ရတာ
မနက်ထဲက စိတ်မကြည်တဲ့ပုံပင်..တစ်နေကုန်
ဖုန်းတစ်လုံးရယ် laptop တစ်လုံးရယ်နဲ့သာ
အလုပ်ရှုပ်နေသည်..။မောင်ဟာစိတ်မကြည်နေသည့်ပုံပေါ်တာကြောင့်
ငါသည်လည်း မောင့်အနားသို့ မသွားရဲပါ..။
စကားတစ်လုံးကိုတောင်ပြောဖို့အတွက် ငါစဉ်းစားနေရတယ်..။ အခတ်မသင့်လို့ စကားမှားသွားခဲ့ရင်
ငါ့အတွက် အိမ်မက်ဆိုးကြီးတစ်ခုလိုမျိုး ဖြစ်နေမှာ..။" ဒီတိုင်းလွှတ်ပေးထားလို့မရဘူး အကုန်လုပ်ပေး
ခဲ့ပြီးပြီလေ.."ဒယ်ဒီနဲ့ဖုန်းပြောနေခဲ့တာပင်..။ ငါဒယ်ဒီခိုင်းတာ
အကုန်လုပ်ပေးခဲ့ပေမယ့်လည်း ဒယ်ဒီသည်
ငါတို့နှစ်ယောက်ကို လွတ်လပ်ခွင့်မပေးသေးပါဘူး..။" နည်းသေးတယ်လေ ငါ့သား..မင်းဒီလောက်
အရည်အချင်းရှိခဲ့မှန်း ငါမသိခဲ့ဘူး.."" လိုရင်းပြော.."
" နောက်တစ်ပတ် အိမ်ကိုလာခဲ့.."
" ဘာအတွက်လဲ.."
" ရောက်ရင်သိမှာပေါ့.."
" ဒါပဲမလား.."
ငါဖုန်းကိုချက်ချင်းချလိုက်ပြီး ခေါင်းကဆံပင်တွေကို စိတ်ရှုပ်စွာဆွဲဖွမိသည်..။
" စောက်ရေးမပါတာတွေ.."
စားပွဲပေါ်ကနေ ပစ္စည်းတွေအကုန်လုံးကို
စိတ်လွတ်ကိုယ်လွတ် ဆွဲဖွမိသည်..။ တော်ပါသေးရဲ့
အချစ်ဟာ အခန်းထဲမှာ ရှိမနေဘူးလေ..။ရပ်နေသည့်ရှေ့ကို လာကြသည့် စာရွက်ကြောင့်
ထိုစာရွက်ကို ကောက်ပြီး ကြည့်လိုက်သည်..။
ကျန်းမာရေးစစ်ဆေးချက်စာရွက်ပင်..မေးနေစရာ
မလိုအောင် လွန်ခဲ့တဲ့နှစ်တွေက စစ်ဆေးခဲ့တဲ့
ငါ့ရဲ့စာရွက်ပင်..။