ဒီနေ့ည သူအခန်းထဲမှာ laptop တစ်လုံးနဲ့
အလုပ်ရှုပ်နေလေသည်..။ ငါမနှောက်ယှက်ချင်
ပေမယ့်လည်း ငါသူ့ကိုခွင့်တောင်းစရာလေး
တစ်ခုရှိသည်..။" Gem.."
သူ့လှည့်မကြပါ..။
" Gem.."
သူ့လှည့်မကြည့်သေးပါ သို့ပေမယ့်..
" ဘယ်လိုခေါ်ရမယ်လို့ ပြောထားလဲ.."
ဟုတ်ပါရဲ့..။ ငါမေ့သွားတာပဲ အရေးအကြောင်းဆို
ဘာမှ မမှတ်မိဘူး..။" မောင်.."
" အွန်းပြော.."
Laptop ကိုသာ အသည်းအသန်စိုက်ကြည့်နေပြီး
သူဟာ ပြန်ပြီး ဖြေလာသည်..။" ငါ..ငါ အမေ့ကို သွားတွေ့ချင်လို့.."
Keyboard ပေါ်မှာ ပြေးလွှားနေသည့် သူ့ရဲ့
လက်တွေက ရပ်တန့်သွားသည်..။ ငါတံတွေး
မြိုချပြီး ဘုရားတနေရုံသာ..။ငါအမေ့ကို အမှန်တကယ် သတိရနေပါပြီ..။
ဘာသတင်းမှလဲ ငါမကြားပါ..။ မောင့်ဘက်ကလဲ
ငါ့ကို ဘာမှ ပြန်မပြောပေ..။ အမေအဆင်
ပြေမပြေ ငါသိချင်တယ်..။" မရဘူး.."
သူ့အဖြေကြောင့် ငါ့ရဲ့မျှော်လင့်ချက်ရောင်ခြည်လေးပျောက်ဆုံးသွားကုန်သည်..။ စဉ်းစားကြည့်ရင်
ငါ့အဖြစ်က ထောင်ထဲက အကျဉ်းသားတစ်ယောက်လိုပင် ကိုယ့်ရဲ့မိခင်ကိုတောင် တွေ့ရဖို့ ခွင့်ပြုချက်
မရဘူးတဲ့လေ..။" ဘာလို့လဲဟင်.."
" မောင်မအားဘူး.."
" ငါတစ်ယောက်ထဲလဲရ.."
* ဒုန်း *
Laptop အား အသံမြည်အောင် အထိကို
သူဟာပိတ်ချလိုက်သည်..။ သွားပြီ..ငါမှားသွားပြီ
ငါဝိညာဉ်ဆိုးကို ပင့်ခေါ်မိသလို ဖြစ်သွားပြီ..။သူဟာ ငါ့ဆီကို တစ်ဖြေးဖြေး လျှောက်လှမ်းလာသည်..။ ငါအနောက်ကို တစ်ဖြေးဖြေး ဆုတ်မိသည်..။ သို့ပေမယ့် အနောက်မှာ နံရံသာ
ရှိတော့သည်..။" တစ်ယောက်သွားမယ် ဟုတ်လား..
မရဘူး!!..ဘယ်တော့မှ မရဘူး..မောင့်ရဲ့
လောင်းရိပ်အောက်မှာပဲ ရှိနေရမှာ!!.."