သူအခုထက်ထိ ဆေးရုံပါမှာပဲ ရှိသေးတယ်..။
ဆရာဝန်က မနက်ဖြန်ဆိုဆင်းလို့ရပြီလို့ပြောပေမယ့်
ဖြစ်နိုင်ရင် ဒီနေ့တောင်ဆင်းချင်နေပါပြီ..။
အရမ်းငြီးငွေ့စရာကောင်းလွန်းတယ်..။ ကုတင်ပေါ်မှာပဲထိုင်ပြီး အိပ်လိုက် စားလိုက်နဲ့ တစ်နေ့တာက
ကုန်ကုန်သွားသည်..။မောင်လဲ ဆေးရုံမှာပဲနေ နေသည်..။ မောင်လဲ
အရမ်းပင်ပန်းနေရောပေါ့..။" အချစ်ဘာစားချင်လဲ.."
ငါခဏစဉ်းစားလိုက်သည်..။ ရေခဲမုန့်စားချင်နေပေမယ့် မောင်ကငြင်းပယ်မှာကို ငါသိသည်..။
" ကွေ့တီယို.."
" ကောင်းပြီ ခဏစောင့်နော် မောင်သွားဝယ်ပေးမယ်.."
မောင်က ငါ့ကိုစိတ်ချလက်ချနဲ့ထွက်သွားသည်..။
မောင်ထွက်သွားသည်နှင့် ငြီးငွေ့စရာကောင်းလွန်းတဲ့
ကုတင်ပေါ်ကထကာ လေညင်းခံရန်ပြတင်းပေါက် ဆီသို့လျှောက်သွားလိုက်သည်..။ကောင်းကင်ကြီးကတော့ နေမကောင်းသည့်ပုံပင်..။
တိမ်မဲလေးဟာ လွှမ်းမိုးသွားသည်..။ ဆေးရုံ၏
အောက်မှာ ပန်းခြံငယ်လေးတစ်ခုရှိသည်..။
ပုံမှန်အချိန်တွေဆိုရင် သက်ကြီးရွယ်အိုတွေရော
ကလေးငယ်လေးတွေ ဆော့ကစားနေတဲ့အသံတွေကို ငါကြားရသည်..။ရုတ်တရက် ပြတင်းပေါက်မှန်ကနေတစ်ဆင့်
ငါ့ကိုယ်ငါကြည့်မိသည်..။ သုံးစားမရတော့တဲ့
မျက်လုံးတစ်ဖက်ကိုအုပ်ထားသည်...။
အားနည်းပြီး ပိန်လှီနေတဲ့ ခန္ဓာကိုယ်ကိုလည်း
အားမရပါ..။ မောင်ပြောပြောနေကြ မျက်နှာလှလှလေးတောင် တဖြေးဖြေးနဲ့ မလှတော့သလိုပဲ..။" Fourth!.."
ရင်းနှီးနေတဲ့ခေါ်သံကြောင့် အနောက်လှည်ကြည့်လိုက်တော့ ဒန်နီယယ်ပင်..။ ဒန်နီယယ်ကိုမြင်တော့
ငါအံ့အားသင့်သွားသည်..။ ဘယ်လိုလုပ်ပြီး
ရောက်လာရတာလဲ..။" မျက်လုံးက ဘယ်လိုဖြစ်ရတာလဲ.."
ဒန်နီယယ်က ချက်ချင်းဆိုသလို အခန်းထဲဝင်လာပြီး
စိတ်ပူနေသည့် လေသံဖြင့် မေးခွန်းထုတ်သည်..။" မတော်တဆပါ.."
" သေချာရဲ့လား.."
" သေချာပါတယ်.."