အချိန်အနည်းငယ်လောက် အိပ်စက်အနားယူပြီး
ညနေခင်းမှာ ငါနိုးထလာခဲ့သည်..။ ကွေးလို့
လှုပ်လို့မရတဲ့ ခြေထောက်တွေကြောင့် ထနိုင်ဖို့ကိုတောင် ငါမနည်းကြိုးစားနေရသည်..။ဘေးနားက စားပွဲခုံပေါ်မှာ laptop တစ်လုံးနဲ့
အလုပ်ရှုပ်နေတဲ့ မောင့်ကို တွေ့လိုက်ရသည်..။
ငါမနှောက်ယှက်ချင်ပေမယ့်လည်း လူကအရမ်းညစ်ပြီး ရေချိုးချင်နေသည်..။ပုံမှန်ဆို ပြောစရာမလိုပဲ ရေချိုးခန်းထဲဝင်ပြီး
ကိုယ့်ဘာ့သာချိုးလို့ရတယ်ဆိုပေမယ့်လည်း
အခုက ရေချိုးခန်းထဲရောက်ဖို့မပြောနဲ့
ဝှီးချဲပေါ်တောင် မောင့်အကူအညီမပါပဲနဲ့
ငါမတတ်တက်သေးပါ..။" မောင်.."
ထိုအခါ မောင်သည် လှည့်ကြည့်ပြီး ခေါင်းငြိမ့်ပြသည်..။
" ရေချိုးချင်တယ်.."
" အွန်း မောင်လုပ်ပေးမယ်.."
မောင်က laptop ကို ချက်ချင်းပိတ်ချပြီး
ရေချိုးဖို့အတွက် တစ်ဘတ်အားသွားယူပြီးနောက်
ငါ့ကိုလာချီသည်..။" ခြေထောက်က ရေစိုလို့မရဘူးမလား
မောင်ချိုးပေးမယ်.."ငါငြင်းဆန်ချင်ပေမယ့်လည်း ငါတစ်ယောက်ထဲမှာ
မလုပ်နိုင်ပဲ..။ နုတ်ပိတ်ပြီးတော့သာ လက်ခံလိုက်သည်..။မောင်က ငါ့ကို bathtub ထဲသို့ ချပေးသည်..။
ခြေထောက်ကိုတော့ ရေမစိုအောင် စင်တစ်ခုခုပေါ်သို့ ရွေ့တင်ပေးသည်..။ ထို့နောက်ရေချိုးရန် အဝတ်အစားအား ချွတ်ရမည့်အချိန်မှာ
ငါ့မျက်နှာတွေရဲလာသည်..။" အဝတ်အစားတော့ ငါ့ဘာ့သာချွတ်လိုက်ပါ့မယ်.."
" ဘောင်းဘီကရော.."
ဟုတ်ပါရဲ့ လှုပ်ရှားလို့မရသည့်ခြေထောက်နဲ့
ငါတစ်ယောက်ထဲ ဘယ်လိုလုပ်ပြီး ဘောင်းဘီ
ချွတ်ရမှာပါလဲ..။" တော်ပါ မောင်ပဲလုပ်ပေးမယ်.."
မောင်က ငါ့အဝတ်အစားတွေကို သူကိုယ်တိုင်
ချွတ်ပေးနေသည်..။ ငါရှက်တာကြောင့်
မောင့်ကိုမကြည့်ပဲ ငါမျက်နှာလွှဲထားလိုက်သည်..။
နောက်ဆုံးတော့ ငါ့ခန္ဓာကိုယ်မှာ အတွင်းခံတစ်ထည်သာ ကျန်တော့သည်..။