End

501 50 19
                                    

The United States of America,
New York City

နယူးယောက်ကိုရောက်တော့ ဒန်နီယယ်က
တစ်ခါထဲသူ့ကွန်ဒိုကို ခေါ်လာပေးသည်...။
ဝှီးချဲမရှိတော့တာမှ လေဆိပ်ကနေ ဝှီးချဲပါ
တခါထဲ ဝယ်လာရသည်..။ ဒန်နီယယ်ကတော့
ငါ့အတွက်နဲ့အလုပ်ပိုမိပြီ..။

" အခန်းနှစ်ခန်းရှိတာ အတော်ပဲဖြစ်သွားတာပေါ့
လောလောဆယ် ဧည့်ခန်းထဲမှာ ခဏနေလို့ရတယ်
ကျွန်တော်အခန်းရှင်းပေးမယ်.."

" အွန်းကျေးဇူးပဲ.."

" တောက်လျှောက်ကျေးဇူးတွေတင်နေတာ
မလိုပါဘူးဆို.."

" မင်းငါ့အတွက်နဲ့အပင်ပန်းခံနေတာကို.."

" ရပါတယ်ဗျာ.."

ဒန်နီယယ်အခန်းသွားရှင်နေအုံး ကွန်ဒိုပေါ်ကနေ
မြင်နေရတဲ့ နယူးယောက်မြို့ရဲ့ မြင်ကွင်းကို
ကြည့်နေမိသည်..။ ပထမဆုံးအကြိမ် ထိုင်းနိုင်ငံနဲ့
အဝေးတကအဝေးဆုံးနေရာကို ခြေချနိုင်ခဲ့တာ..။

မောင်နဲ့ဝေးကွာလာတာ အခုဆို တစ်ရက်တောင်
ပြည့်တော့မယ်..။ မလွမ်းဘူးပြောရင် လိမ်ရာကြမှာပေါ့..။ မောင်အဆင်ပြေနေမယ်လို့ ငါမျှော်လင့်ပါတယ်..။

" ပြီးပြီ Fourth အခန်းထဲမှာ အနားယူချင်ရင်
ယူလို့ရပြီ နောက်နေ့မှ ဆေးရုံသွားပြီး ဒေါက်တာနဲ့
ကုသဖို့ တိုင်ပင်ကြမယ်.."

" မှတ်ထားပေးနော် ငါတစ်နေ့ပြန်ဆပ်မှာပါ.."

" ဟောဗျာ လုပ်ပြန်ပြီ မလိုပါဘူးဆိုနေမှ
ဘာမှပြန်ဆပ်စရာမလိုဘူး.."

" ငါအားနာတယ်..မင်းငါ့အတွက်ဒီလောက်ထိ
လုပ်ပေးနေတာကို.."

ချစ်တော့လဲ လုပ်ပေးရတာပေါ့ နေကြာပန်းလေးရယ်..။ နေကြာပန်းလေးကတော့ ဘယ်လိုလုပ်ပြီး
သိနိုင်မှာလဲ..။

" ဘာမှအားနာစရာမလိုဘူး အချင်းချင်းတွေပဲဟာ
ကျွန်တော်တို့သိတာ သိပ်မကြာသေးပေမယ့်လည်း
ရင်းရင်းနှီးနှီးပဲပေါ့.."

" အင်းဟုတ်တာပေါ့.."

ဒန်နီယယ်က ဝှီးချဲကိုတွန်းပေးပြီး အခန်းထဲလိုက်ပို့ပေးမယ်..။ အခန်းဟာ အကျယ်ကြီးဖြစ်တာကြောင့်
ငါ့တစ်ယောက်စာနေဖို့လုံလောက်တာထက်ကိုပိုသည်...။

Smile For The Picture { COMPLETE }Where stories live. Discover now