မနက်ခင်းမှာ တက်ကြွတဲ့ ငှက်တစ်ကောင်ကတော့
မောင်ပဲဖြစ်မယ်ထင်ပါရဲ့..။ ဘာလို့ဆို ဒီနေ့
အချစ်ကို ပိုင်ဆိုင်ရတော့မှာမဟုတ်လား..။နိုးနိုးချင်း မနေ့ညက အကြောင်းကိုပြန်တွေးမိသည်..။ အဲ့အိမ်မက်..အဲ့အိမ်မက်က မမက်တာ
ကြာခဲ့ပြီ..မမက်တော့လွန်းလို့ကို ဝမ်းသာခဲ့ရတာ
ဒါပေမယ့် ဘာလို့ ပြန်မက်တာလဲ..ဆိုတဲ့ မေးခွန်းက
မောင့်ခေါင်းထဲမှာ ဝဲဝဲလည်နေသည်..။မနေ့ညက ဒေါက်တာထပ်ပြီးပေးလိုက်တဲ့ဆေးကိုလဲ
မသောက်မိခဲ့ပါ..။ အဲ့တာကြောင့်လဲဖြစ်မယ်ဟု
မောင်ကမှတ်ယူလိုက်သည်..။မနိုးသေးသည့်အချစ်ကို မနိုးသေးပဲ အိပ်ပါစေဟုသာ စောင်လေးကို မောင်က သေသေချာချာပြန်ပြီးတော့ ခြုံပေးခဲ့သည်..။ မောင်က ဒီနေ့အချစ်ကို
ပိုင်ဆိုင်ရတော့မယ့်အကြောင်းကနေ ဘာအကြောင်းနဲ့တွေးမနေတော့ပဲနဲ့ သေသေချာချာပြင်ဆင်ရမယ်..။ကုတင်ပေါ်ကထပြီး ဆေးလိပ်ဘူးနဲ့မီးခြစ်အား
ယူကာ ဝရန်တာသို့ ထွက်လာခဲ့လိုက်သည်..။
ဆေးလိပ်တစ်ခုကိုထုတ်ပြီး မီးငြိကာ
သောက်လိုက်သည်..။" ဘယ်အချိန်လာမှာလဲ.."
ရှေ့နေဖြစ်သူကို ဖုန်းဆက်မေးတော့ ဟိုဘက်က
အိပ်ချင်မူးတူးအသံနဲ့ပင်..။" မင်းကွာ မနက်စောစောစီးစီး..အေးဆေးပေါ့.."
" မစောင့်နိုင်တော့ဘူး.."
" တက်ကြွတဲ့ကြက်ဖဖြစ်နေတာပဲ နေပါဦးကွာ
အိပ်ပါရစေဦး အစောကြီးရှိသေးတယ်.."" မြန်မြန်လာဗျာ.."
" အေးပါ အေးပါ.."
ရှေ့နေကို အပူကပ်ပြီး ဆေးလိပ်အားထပ်ပြီး
သောက်သုံးကာ အငွေ့တွေအားမှုတ်ထုတ်လိုက်သည်..။ လေထဲကို လွင့်ပျံ့သွားတဲ့ အငွေ့ဖြူဖြူတွေက လွတ်လွတ်လပ်လပ်ပင်..။ သူတို့ သွားချင်တဲ့နေရာကို သွားလို့ရသည်..။အစ်ကိုရောဒီအိမ်မှာပိတ်လှောင်ခံထားတာကျဉ်းကြပ်နေရဲ့လား..။ လွတ်လပ်မှုကိုရော လိုချင်ရဲ့လားဆိုတာကိုမောင်က တစ်ခါမှ မတွေး..။
ဆေးလိပ်ချောင်းများက တစ်လိပ်ပြီးတစ်လိပ်
ပြာအဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်..။ သောက်သုံးတာ အတော်လေးများနေပြီဖြစ်တာကြောင့်
မောင်က သောက်လက်စဆေးလိပ်ကို မီးသတ်
လိုက်သည်..။