ညသန်းခေါင်ကျော်နေပြီ..သူပြန်မလာသေးဘူး..။
ငါမအိပ်နိုင်သေးပါ..။ မနက်အစောကြီးထဲက
သူထွက်သွားတာ အခုထက်ထိ ပြန်မရောက်သေးဘူး
ဖုန်းဆက်ရအောင်လဲ ငါ့ဖုန်းကို သူဟာသိမ်းထားပြီး
ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေမလဲ..။စိတ်ပူမူတွေက ငယ်ထိပ်အထိ ဆောင့်တက်နေပြီပင်..။ ဧည့်ခန်းထဲမှာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့ သူပြန်အလာကို ငါစောင့်နေမိသည်..။
လူဆိုးလေးမောင်ဟာ အမြဲလူကို စိတ်ပူအောင်
လုပ်တာပဲ..။သူဘာအလုပ်တွေလုပ်နေလဲဆိုတာလဲ ငါမသိရပါ..။
ခါတိုင်းလိုပဲ မနက်အစောကြီးထွက်သွားပြီး
ညဘက်နောက်ကျမှ ပြန်လာတယ်ဆိုပေမယ့်
ဒီနေ့ဟာ ပုံမှန်ထက်ကို ပိုပြီး နောက်ကျနေသည်..။တံခါးသော့ဖွင့်သံကြောင့် အိပ်ချင်နေသည့်
မျက်ဝန်းတွေက အလိုလို ပြန်ပြီး ပြူးကျယ်
သွားသည်..။ ငါအဆင်သင့် တံခါးမကြီးရှေ့မှာ
သွားစောင့်နေမိသည်..။" အချစ်.."
မြင်ကွင်းဟာ ငါ့ကို စွံ့အသွားစေသည်..။
အင်္ကျီဖြူဖြူလေးဟာ မြင်မကောင်းသည့်
အနီရောင်သွေးတွေဟာ အများအပြားစွန်းနေသည်..။ ပြီးတော့ မောင်သည် ညာဘက်လက်ကို
ဖိထားပြီး ထိုလက်သည် သွေးတွေ တတောက်တောက် ကျဆင်းနေသည်..။ဘာများဖြစ်လာရတာလဲ..။
" ဘယ်လိုဖြစ်ပြီး.."
" မောင့်ကို မတွဲတော့ဘူးလား.."
ထိုအခါမှ ငါမောင့်ကို ကူတွဲပေးပြီး ဆိုဖာပေါ်မှာ
ထိုင်စေသည်..။ ဒဏ်ရာရထားသည့်
မောင့်လက်မောင်းကို ကြည့်ပြီး ငါတုန်လှုပ်နေမိသည်..။ ဘယ်လိုလုပ်ရမှာပါလိမ့်..။
ငါဘာမှမလုပ်တက်ဘူး ဆရာဝန်ခေါ်ရမှာလား..။တုန်လှုပ်နေသည့် အမျိုးသားငယ်လေးရဲ့
ဦးခေါင်းလေးကို ခပ်ဖွဖွလေး ပုတ်လိုက်သည်..။" ဘာမှမဖြစ်ဘူး မောင့်ကို အခန်းထဲက
ဆေးသေတ္တာလေး သွားယူပေးနော်.."ငါမောင့်ကို ခေါင်းဆက်ဆက်ငြိမ့်ပြလိုက်ပြီး
ငါခပ်မြန်မြန်ပင် အပေါ်ထပ်ကို အခန်းထဲသို့
တက်ခဲ့လိုက်သည်..။