သူတို့သုံးယောက်တူတူ အိမ်အသစ်အား ကြည့်ဖို့အတွက် ထွက်လာခဲ့ကြသည်..။ အဆင်ပြေရင်
တစ်ခါထဲပိုက်ဆံတန်းချေပြီး ဝယ်ဖို့အတွက်
မောင်ကစဉ်းစားထားသည်..။ မြန်လေ ကောင်းလေပဲ မဟုတ်ဘူးလား..။အိမ်ရဲ့တည်နေရာကိုရောက်တော့ လိုချင်တဲ့အတိုင်း
ပတ်ဝန်ကျင်ဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး
လူနေအိမ်ရယ်လို့ သိပ်ပြီးမရှိ..။ ကြီးမားလှသည့်
သစ်ပင်ကြီးတွေလဲ ရှိသေးသည်..။ ဒါကို မောင်ကတော့ သဘောကျသည်..။သို့ပေမယ့် အချစ်က..
" မောင် ကျောချမ်းစရာကြီး နေရာက.."
" ဘာမှမဖြစ်ပါဘူး ဒီတိုင်း တိတ်ဆိတ်ရုံပါ.."
မောင် အစထဲက မကြောက်တက်တဲ့သူဖြစ်တာကြောင့် မကြောက်ပေမယ့်လည်း ငါကမတူ..။
ငါက တစ်ခုခုဆိုရင် အရမ်းလန့်တက်ပြီး
ကြောက်တက်ပါသေးသညိ..။အိမ်က အခုခေတ်ပုံစံ နှစ်ထပ်အိမ်ဆိုပေမယ့်လည်း
ပတ်ဝန်းကျင်အနေအထားက အတော်လေး
ကျောချမ်းစရာကောင်းသည်..။သူတို့ အိမ်ပိုင်ရှင်ကို စောင့်နေလိုက်သည်..။
အိမ်ပိုင်ရှင်ရောက်တာနဲ့ ခတ်ထားသည့်
ခြံစီးရိုးအားဖွင့်ပြီး သူတို့အထဲကို
ဝင်လာခဲ့ကြသည်..။ခြံကလဲ အတော်လေးသန့်ရှင်းထဲပါသည်..။
အမှိုက်ဆိုလို့ တစ်စက်မှ မရှိပဲ ရှင်းလင်းနေသည်..။အိမ်တံခါးအား ဖွင့်လိုက်တော့ မျက်နှာထက်သို့
ချက်ချင်းဆိုသလို ရိုက်ခတ်လာသည့် ဖုန်တွေကြောင့် ငါနှာချေမိသွားသည်..။မှောင်မဲနေသည့် အိမ်ဟာ မီးတွေဖွင့်လိုက်သည့်
အခါမှာ တစ်အိမ်လုံး လင်းထိန်းသွားသည်..။
အိမ်အတွင်းပိုင်းကလဲ အတော်လေးလှပြီး
ပရိဘောဂတွေပါ အကုန်စုံလင်တာကြောင့်
အိမ်ကိုတော့ ငါက သဘောကျသည်..။မောင်က အိမ်ပိုင်ရှင်နဲ့ စကားပြောတာကြောင့်
ငါအပေါ်ထပ်ကို ကြည့်ဖို့အတွက် ကျွန်းလှေကား
တွေကနေတစ်ဆင့် တက်လာခဲ့သည်..။အပေါ်ထပ်မှာ ဝရန်တာအကျယ်ကြီး တစ်ခုရှိသည်..။ ဝရန်တာထက်မှာ ဖြာကျနေတဲ့အလင်းရောင်..။ လသာနေတယ် ထင်ပါရဲ့..။
လုံးဝန်းနေမည့် လကို ကြည့်ဖို့အတွက် ထိုဝရန်တာ
ပြင်ကို ထွက်လာခဲ့လိုက်သည်..။