28

1K 124 11
                                    


ကုစစ်ရယ် စည်းကမ်းချက်တွေကို ကြေညာပြီးတာနဲ့ သင်တန်းသားတွေက ကန့်ကွက်လာကြတယ်။

"မဟုတ်သေးပါဘူး။ငါတို့ ထပ်အရွေးခံရဦးမှာလား"

"ငါတို့အတွက်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက အစီအစဉ်တစ်ခုတိုင်း အဆင့်တစ်ခုစီတိုင်းမှာ ဆက်ပြီးပြောင်းလဲနေဦးမှာလား"

"ဒါက အနာဂတ်မှာ ငါတို့ရဲ့စွမ်းဆောင်မှုတိုင်းအတွက် ပြန်လည် ရွေးချယ်ခံရမယ်လို့ ဆိုလိုတာလား"

"ပြိုင်ပွဲမပြီးမချင်း ဒီအုပ်စုမှာပဲနေရမယ်လို့ ထင်ထားခဲ့တာ။ငါက နုံအနေတုန်းပဲ..."

သင်တန်းသားများသည် ကုစစ်ရယ်၏ ဒုတိယအကြိမ်မြောက် မာစတာပြိုင်ပွဲအဖွင့်အမှာစကားကို ၎င်းတို့အား ကြေငြာခဲ့သည့်အတွက် ဝမ်းသာပျော်ရွှင်နေကြသည်။

အဆုံးမှာတော့ နောက်အစီအစဉ်အသစ်တစ်ခုအတွက် ပြန်လည်ဖွဲ့စည်းရမယ်ဆိုတဲ့ သတင်းအချက်အလက်ကို ဘယ်သူတွေ ကြိုတင်သိနိုင်ကြမှာတဲ့လဲ။

သူတို့ဟာ ပထမအကြိမ် သူတို့ရဲ့နည်းပြဆရာတွေနဲ့အချိန်အတိုင်းအတာတစ်ခုအထိ လက်တွဲလုပ်ခဲ့ကြပြီး သူတို့အချင်းချင်းကြားမှာ တိတ်တဆိတ်နားလည်မှုတွေရှိပြီးသားပါ။

ယခု အသစ်တဖန်ပြန်လည်ဖွဲ့စည်းမည်ဆိုပါက လူတိုင်းသည် ၎င်းးတို့အဖွဲ့နှင့်လိုက်လျောညီထွေဖြစ်အောင် ပြန်လည်ပြင်ဆင်ရမည်ဟု ဆိုလိုပေသည် မဟုတ်ပါလား....

ဒီလိုမျိုး ဟိုခုန်ဒီကူးလုပ်ရမည့်စိတ်ညစ်ညူးစရာဖြစ်စဉ်ကို သင်တန်းသားအချို့က လက်မခံလိုကြပေ။

သင်တန်းသားတွေဘက်က ထင်မြင်ချက်ပေးကြရုံသာမက နည်းပြထိုင်ခုံမှာထိုင်နေတဲ့ ထောင်ထောင်ကလည်း စည်းမျဉ်းအသစ်ကို နားထောင်ပြီးနောက် ချစ်စရာကောင်းသောလေသံလေးဖြင့် "Wow~" ဆိုပြီးတော့တောင် ချဲ့ကားပြောဆိုခဲ့ပါသေးသည်။

ထို့နောက် သူမသည် ကျန်နည်းပြဆရာများဘက်သို့လှည့်၍ မေးလိုက်သည်။

"ရှင်တို့တွေ စည်းမျဉ်းအသစ်ပြောင်းမယ်ဆိုတာ သိထားကြသေးလား"

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now