intro

494 12 0
                                    

နွံတောထဲကကြာပန်းဖြူ

Intro

အချစ်ဆိုတာကို လူတွေက ဘယ်လိုအဓိပ္ပာယ်သတ်မှတ်ကြပါသလဲ

သီချင်းတွေထဲမှာ ကဗျာတွေထဲမှာ ပုံပြင်တွေထဲမှာ ရာဇဝင်တွေထဲမှာ အချစ်ကိုအမျိုးမျိုးပုံဖော်ပြခဲ့ကြတယ်

ပန်းကလေးလို သစ်ရွက်ကလေးလို လေပြေလေးလို ဒါမှမဟုတ် လောကကိုဖျက်ဆီးနိုင်တဲ့ လေမုန်တိုင်းကြီး တခုလိုပါပဲတဲ့

အချစ်ကြောင့် ဘဝပျက်တာ အချစ်ကြောင့် သေကြေတာ ပျက်စီးတာ တိုင်းပြည်ပျက်ရတာ ဆင်းရဲတာ

အချစ်ကြောင့် အောင်မြင်တာ အမြင့်ဆုံးကိုရောက်တာ ချမး်သာတာ နောင်တမရှိဘူး စသဖြင့် အမျိုးမျိုးကြုံတွေခဲ့ကြရသတဲ့

သူမကတော့ အဲ့ဒါတွေကြားတိုင်း တကယ်နားမလည်ခဲ့ဘူး

အချစ်ဆိုတဲ့ဝေါဟာရက သူမနဲ့အရမ်းစိမ်းလွနး်တယ်

အချစ်ဆိုတဲ့စကားလုံးဟာ သူမနဲ့ တကမ္ဘာစာဝေးနေသလိုပါပဲ ထိတွေ့ဖို့မပြောနဲ့ မော့ကြည့်ခွင့်တောင်မရှိခဲ့ပါဘူး

ကြာလာတော့ အဲ့အချစ်ဆိုတာကိုမေ့ပြီး ဘဝအတွက်ပဲရုန်းကန်ရင်းအချိန်ကုန်ခဲ့ရတာပဲ

အဲ့ဒါကသူ့ကိုမတွေ့ခင်အချိန်အထိပါပဲ

သူနဲ့ဆုံဆည်းပြီးနောက်ပိုင်း အချစ်ဟာ ဘယ်သူဘယ်သူ့ပြောတာနဲ့မှ မတူပဲ သီးသန့်ကွဲထွက်နေတဲ့အရာတစ်ခုဆိုတာကို သိခွင့်ရခဲ့ပါတော့တယ် ဒါပေမဲ့လဲ အဲ့အချိန်မှာ အဖြူရောင်ကြာပန်းလေးဟာ ရွံ့တွေပေကျံနေခဲ့ပါပြီ ....

..........🌿🌿🥕🌿🥕🌿🥕🥕

Alinkar nang 🌿🌿

နွံတောထဲကကြာပန်းဖြူ (white lotus in the bemire)og.oc.nl.uniWhere stories live. Discover now