White lotus in the bemire
Part.6
သူနဲ့ပြတ်သွားပြီးတော့ သူ့ကိုသူမမေ့နိုင်မယ်ထင်ခဲ့တယ်
ဒါပေမဲ့ သူမရဲ့အချစ်တွေအကုန်ပုံအောပြီးပေးအပ်ခဲ့မိတာရဲ့အကျိုးဆက်ကတော့ မတွေးဝံ့စရာဖြစ်ခဲ့တယ် သူ့ကိုစွဲလန်းသွားတယ် ရစ်မူးသွားတယ် ရည်းစားဦးလိုဖြစ်နေတော့ အရူးမူးပဲပေါ့
သူ့အကြောင်းကိုပဲကြားချင်တယ် သူ့ကိုပဲတွေးမိတယ် လွမ်းတယ် တွေ့ချင်တယ် တခါတလေ မိုက်ရူးရဲဆန်ပြီးသွားတွေ့လိုက်ချင်တယ်
သူမ လှမ်းခဲ့တယ် ဒါပေမဲ့ ငါးလှမ်းထက်မပိုတဲ့ခြေလှမ်းအတွင်းမှာပဲ သူမ ရပ်တန့်ခဲ့ရတယ် လက်တွေ့ဘဝရဲ့ဖြေရှင်းမရတဲ့ပုစ္ဆာက သူမအတွက်တော့ကြီးမားတဲ့တံတိုင်းကြီးပဲ
ကံကောင်းစွာနဲ့ သူမ တက္ကသိုလ်တက်ဖို့အချိန်ရောက်လာခဲ့တယ်
သူမလဲသူ့အကြောင်း သိပ်မတွေးမိတော့ဘူးပေါ့
တက္ကသိုလ်ရောက်ဖို့ ငါးမိုင်လောက်လမ်းလျှောက်ရတော့လဲ ဘယ်တွေးနိုင်တော့မလဲ ကားစီးဖို့လဲ လမ်းလျှောက်တဝက် ကားစီးတဝက်နဲ့သူမအတွက်အဆင်မပြေလှဘူး
လက်ဖက်ထမင်းတပွဲနှစ်ထောင် ဒိုမီနိုတပွဲကို သုံးထောင့်ငါးရာပေးရတဲ့အချိန်မှာ သူမအမေပေးတဲ့တနေ့ငါးရာမုန့်ဖိုးက ဘယ်လိုမှလောက်မနေပါဘူး
နေ့စာငတ်ပါများလို့ ပြန်စားမယ်ဆိုတော့လဲ အသွားအပြန်ကားစီးရင်လေးရာကကုန်ဦးမယ် ကျန်တဲ့တစ်ရာက ချိုချဉ်တလုံးပဲဝယ်စားလို့ရတယ် အဲ့တော့ ပိုက်ဆံလဲကုန်ဦးမယ်လမ်းတဝက်လျှောက်ရလို့လဲမောဦးမယ် နားတဲ့အချိန်တစ်နာရီမှာလဲအသွားအပြန်လုပ်လို့လုံးဝအဆင်မပြေတာ အဲ့ေတာ့ သူမအတွက် မတန်ဘူးလို့ခံစားမိတာကြောင့် ထမင်းပြန်မစားဖြစ်ဘူး အငတ်ပဲခံလိုက်တယ်
ဒါပေမဲ့သူငယ်ချင်းတွေလှတပတဝတ်ထားရင် သူမလဲလှချင်တဲ့အရွယ်မှာ ပိုက်ဆံရဖို့တခြားနည်းလမ်းတခုကိုသူမစဉ်းစားရတော့တယ်
အဲ့ဒါကတော့ အသိအမဆီဝင်ပြီးအပူကပ်ရတာပေါ့
အသိအမကလဲ သူမညနေပြန်ရင် လုပ်စရာလေးတွေချန်ထားပေးတတ်တယ် အနည်းဆုံးတော့ တစ်နေ့တစ်ထောင်ရတယ် လက်ထဲရှိတဲ့ငါးရာနဲ့ပေါင်းရင် ထောင့်ငါးရာ အဲ့ပမာဏကသူမအတွက်တော့လိုတာထက်ပိုတယ်
YOU ARE READING
နွံတောထဲကကြာပန်းဖြူ (white lotus in the bemire)og.oc.nl.uni
Ficción Generalနွံတောထဲကကြာပန်းဖြူ Intro အချစ်ဆိုတာကို လူတွေက ဘယ်လိုအဓိပ္ပာယ်သတ်မှတ်ကြပါသလဲ သီချင်းတွေထဲမှာ ကဗျာတွေထဲမှာ ပုံပြင်တွေထဲမှာ ရာဇဝင်တွေထဲမှာ အချစ်ကိုအမျိုးမျိုးပုံဖော်ပြခဲ့ကြတယ် ပန်းကလေးလို သစ်ရွက်ကလေးလို လေပြေလေးလို ဒါမှမဟုတ် လောကကိုဖျက်ဆီးနိုင်တဲ့ လေ...