part.11

61 3 0
                                    

White lotus in the bemire

Part.11

တည်းခိုခန်းကိုမ'သွားတယ်ဆိုလို့ တီဗီတွေထဲကလို ချက်ချင်းပဲ ပန်းအိုးကျကွဲ လိပ်ပြာကပန်းပေါ်နား ပန်းပွင့်ဖတ်လေးတွေပြန့်ကျဲကြွေကျသွားတယ်လဲမထင်ပါနဲ့

သူလဲကြိုးစားပါတယ် သူမလဲရုန်းပါတယ် နမ်းမိတယ် ထိတွေ့မိကြတယ် ဒါပေမဲ့ သူမအတွက်ကတော့ အဲ့ဒါတွေက မသတီစရာတွေပဲ သူမရဲ့အပျိုဘဝကိုလူမသိသူမသိနေရာမှာ တိတ်တိတ်ကလေးဖျက်ဆီးခံလိုက်ရမှာကိုအရမ်းမုန်းလို့ သူမကိုယ်တိုင်လဲအဲ့ကိစ္စမှာပြသနာရှိလို့ နောက်ဆုံးတော့ သူလက်လျှော့လိုက်တယ်

သူမကိုသူတောင်းပန်တယ် ချော့ပြောတယ် သူမငိုတော့ သူလဲပျာယာခတ်ပြတယ် နောက်တော့ သူမလဲဘာမှမဖြစ်တာမို့ သူ့ကိုခွင့်လွှတ်လိုက်တယ် ဒါပေမဲ့ သူမရေအထပ်ထပ်ချိုးတယ် မသန့်တော့သလိုပဲ သူထိလိုက်တဲ့နေရာတိုင်း ရွံသလိုခံစားရတယ် သူ့ကိုမချစ်လို့လဲ သူမဒီလိုခံစားရတယ်လို့ယုံတယ်

အဲ့နောက်ပိုင်း သူ ဘာစိတ်ဆိုးသွားတယ်မသိဘူး

သူမကို မထိတော့ဘူး စကားလဲဟက်ဟက်ပက်ပက်မပြောဘူး

သူမလဲ အဖက်မလုပ်ပဲ အဲ့တိုင်းထားလိုက်တယ်

သူမပြန်ခါနီးတော့ သူစကားတခွန်းပြောလာခဲ့တယ်

ကိုယ့်ဘာသာကိုယ်တန်ဖိုးထားလို့ကာကွယ်လို့သူမကိုပိုပြီးချစ်သွားသတဲ့

အမှန်တော့ သူမ တန်ဖိုးထားတာလဲမဟုတ်ဘူး ကာကွယ်တာလဲမဟုတ်ဘူး နှလုံးသားက လက်မခံတာ

သူမရဲ့နှလုံးသားဦးဆောင်ရာအတိုင်းလိုက်တာ

အမြဲပိတ်လှောင်ထားရတော့လဲ တခါတလေလေးတော့ သူမဖြစ်ချင်သလိုလေးလဲဖြစ်ပါစေဦးလေ သူမပြုံးပြီးပဲပြန်လာခဲ့လိုက်တယ်

သူမဇာတိမှာ‌ေတာ့ ဘဝကပျင်းရိငြီးငွေ့ဖွယ်ဆက်သွားခဲ့နေခဲ့တယ် မရပ်တန့်ပဲ ထပ်တလဲလဲ သူမကျောင်းသွားတယ် အိမ်အလုပ်လုပ်တယ် ပိုက်ဆံလေးရသလောက်ရှာတယ် သူငယ်ချင်းတွေနဲ့စကားပြောတယ် အဲ့စက်ဝိုင်းထဲမှာပဲပုံမှန်လည်ပတ်နေခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာမရှိသလောက်ပဲ

နွံတောထဲကကြာပန်းဖြူ (white lotus in the bemire)og.oc.nl.uniWhere stories live. Discover now