part.5

70 3 0
                                    

White lotus in the bemire

Part .5

သူနဲ့စသတိထားမိတာက ဆယ်တန်းဖြေထားတဲ့နွေရာသီမှာပေါ့ သူ့ဆိုင်ကို သူမက အမြဲသွားရတယ် ဘာလို့ဆို အမေက ဘာလချောင်ကြော်အပြင် ပြင်ပစီးပွားရေးအနေနဲ့အတိုးပါပေးထားသေးတာကိုး သူတို့အမေက လက်ဖက်ရည်ဆိုင်ဖွင့်ထားတာ ရပ်ကွက်ထဲနဲ့ဈေးထဲ အတိုး‌ေ‌ပးထားတာကြောင့် ရပ်ကွက်ထဲကိုအရင်အတိုးလိုက်သိမ်း ပြီးရင် ဈေးသွားပြီးအတိုးသိမ်း လိုအပ်တဲ့စာရင်းကိုကြည့်ပြီးဈေးဝယ်ပြန်ရတယ် 

သူမရဲ့တကိုယ်တော်ခရီးက ညနေဆိုအမြဲရှိတယ်

ပျင်းရိငြီးငွေ့ဖွယ် ခြေထောက်တိုအောင်လျှောက်ရတဲ့အချိန်တွေမှာ သူက အဖော်လုပ်ပေးခဲ့တယ်

သူမကိုသူကြိုက်နေတာလဲ သူမသိတယ်

အစကတော့ သူမသူ့ကိုတကယ်စိတ်မဝင်စားတာ

ဒါပေမဲ့သူကလဲသူမလိုအချစ်ခံချင်နေတဲ့ကလေးတစ်ယောက်ဆိုတာသိသွားတဲ့နောက်တော့ သူမရဲ့အချစ်တွေအကုန်သူ့ဆီပုံပေးခဲ့မိတော့တယ်

သူက ပထွေးနဲ့‌ေနရတယ် မောင်နှမငါးယောက် တစ်ယောက်စီကအဖေတစ်ယောက်စီ

အမေက ယောကျာ်းဆိုတာကို ပီကေဝါးသလောက်တောင်မခက်ဘူးလို့ထင်တဲ့အမျိုး

အမေရဲ့ဒုက္ခကိုခါးစီးခံပြီး သူမလိုအကြီးဆုံးဖြစ်တဲ့သူက သတ္တိရှိရှိရှာကျွေးနေတာ လေးစားဖို့ကောင်းတယ်

တချို့တွေရဲ့ဘဝက လုံးဝကိုလွယ်ကူနေချိန် တချို့ဘဝတွေကတော့ အရမ်းကိုခက်ခဲတယ်

သူမကို သူဌေးသားတွေလာကြိုက်တယ် သူမ သူတို့ကို မနာလိုဘူး ဒါကြောင့် သူမက သူဌေးသားတွေကို ပြန်မကြိုက်ဘူး သူဌေးသမီးတွေကိုလဲမပေါင်းဘူး ဘာလို့မှနး်မသိ ပိုက်ဆံဆိုတဲ့အရာက သူမကိုကြောက်မိစေတယ်

သူနဲ့တော့ စိတ်ချင်းလဲနီးကိုယ်ချင်းလဲနီး နှစ်ကိုယ့်တစ်စိတ်ဖြး်နေသလိုမျိုးခံစားရတယ်

သူက နေ့တိုင်းစာအုပ်လေးတအုပ်နဲ့ သူမကိုသူ့ဘဝသူ့ခံစားချက်တွေကို ရင်ဖွင့်ရင်း ရည်းစားစကား‌ေရးပြီး‌ေပးတယ်

နွံတောထဲကကြာပန်းဖြူ (white lotus in the bemire)og.oc.nl.uniWhere stories live. Discover now