White lotus in the bemire
Part.3.
"ဟဲ့ နင်ရည်းစားထားနေတာလား"
"ရှင် "
"ဟိုတနေ့က ရပ်ကွက်ထဲက မချိုပြောတာ နင့်ကိုကောင်လေးအများကြီးနဲ့တွေ့လိုက်တယ်တဲ့ မသိရင် မိတ်လိုက်ဖို့မြူဆွယ်နေတဲ့ခွေးမကျနေတာပဲတဲ့ ငါ့ကိုလာပြောသွားတယ် ဘယ်လောက်ရှက်ဖို့ကောင်းလဲ ငါတော့နင့်ကြောင့်သေတော့မယ် တနေ့ တနေ့ ရှာစားရခက်ပါတယ်ဆို နင်ကပါမလိမ်မာဘူး နင့်လိုသမီးမွေးထားရတာ ငါဝမ်းရည်စပ်တယ်ဟဲ့သိရဲ့လား "
"......"
သူမ ဆွံအသွားခဲ့တယ်
ရှင်းပြရင်လဲပြန်ပြောတယ်ဆိုပြီးလက်မခံ မရှင်းပြရင်လဲလုပ်ထားတာပဲဟုတ်နေတာပဲဆိုပြီးတော့ရိုက်ဦးမယ်
အမေရဲ့ရိုက်ချက်တွေကကြမ်းလွန်းလို့ လှုပ်တောင်မလှုပ်ရဲတဲ့အခြေအနေမှာ ဘယ်ကဘယ်လိုတွေ့ပြီးတိုင်လာပြန်တာလဲ
နောက်က ယောကျာ်းလေးတစ်အုပ်စုလုံးလိုက်လာတဲ့နေ့ကလားသူ့ဘာသူကြိုက်ပြီး ရည်းစားစကားလိုက်ပြောနေတာကို သူမကဘယ်လိုလုပ်ပေးရမှာလဲ တစ်ယောက်ထဲကလိုက်တာဆိုပေမဲ့ သူ့သူငယ်ချင်းတွေပါလိုက်လာတာ သူမစကားပြန်ပြောရင်လဲ သူ့ပြန်ကြိုက်ပါတယ်ဆိုပြီးအထင်လွဲဦးမှာဆိုးလို့ပြန်မပြောတော့ မိတ်လိုက်ချင်တဲ့ခွေးမတဲ့လား မြူစွယ်နေတာတဲ့လား သူများသားသမိီးကိုဘယ်လိုတောင်ေပြာရက်ရတာလဲ
အဲ့ပတ်ဝန်းကျင်ကမိန်းမကြီးတွေ မြင်လဲမြင်တတ်ပါ့ တိုင်လဲတိုင်တတ်ပါ့ ပြောလဲပြောတတ်ပါ့ ကြောက်စရာကြီးတွေ
သူမအမေက အရိုက်ကြမ်းတယ် စိတ်ကြီးတယ် သူကပဲဆဲ သူကပဲရိုက် ပြီးရင် သူကပဲ ဦးအောင်ငို သူကပဲဦးအောင်မေ့လဲတဲ့အမျိုး
ကိုယ့်မှာတေ့ာ သူလုပ်သမျှခံပြီးတော့ အမြဲကျန်ခဲ့ရတဲ့အပြင်ကို လူဆိုးမပါဖြစ်ရတယ် အဲ့ဒါအပြင် အမေသေသွားရင်ဆိုတဲ့အတွေးကအမြဲခြောက်ခြားနေလေတော့ ညဘက်ခနလေးအိပ်ရတဲ့အချိန်တွေမှာပါ သူမ အိပ်လို့မပျော်တော့ဘူး
ပေကြိုးနဲ့ရိုက်တယ် တုတ်နဲ့ရိုက်တယ် တွေ့တာနဲ့ကောက်ပေါက်တယ် ငါလုပ်လိုက်ရဆိုရင်လုပ်ပြီးသား လက်ကတော့လျှင်သလားမမေးနဲ့ အပြောကမှနောက်ကျသေးတယ်
YOU ARE READING
နွံတောထဲကကြာပန်းဖြူ (white lotus in the bemire)og.oc.nl.uni
Tiểu Thuyết Chungနွံတောထဲကကြာပန်းဖြူ Intro အချစ်ဆိုတာကို လူတွေက ဘယ်လိုအဓိပ္ပာယ်သတ်မှတ်ကြပါသလဲ သီချင်းတွေထဲမှာ ကဗျာတွေထဲမှာ ပုံပြင်တွေထဲမှာ ရာဇဝင်တွေထဲမှာ အချစ်ကိုအမျိုးမျိုးပုံဖော်ပြခဲ့ကြတယ် ပန်းကလေးလို သစ်ရွက်ကလေးလို လေပြေလေးလို ဒါမှမဟုတ် လောကကိုဖျက်ဆီးနိုင်တဲ့ လေ...