White lotus in the bemire
Part.8.
"အမေ့ကိုချစ်ရင် ရန်ကုန်ကအမျိုးတွေအိမ်မှာစိတ်ပြေလက်ပျောက်သွားနေပေးပါ လောကမှာ ယောကျာ်းတွေမှအများကြီးပဲ နင်နဲ့သူတကယ်မဖြစ်ဘူး အမေက ငါ့သမီးဆင်းရဲတွင်းထဲမကျအောင်တားနေတာ ကောင်းစေချင်တဲ့စိတ်နဲ့ပါ နင်သွားရင် ငါ့လက်တဖက်ပြုတ်သလိုပဲ ဒါပေမဲ့ အဲ့မှာစိတ်ပြေလက်ပျောက်သွားနေ ပြန်လာရင် အဲ့ကအမျိုးတွေလိုက်ပို့ပေးလိမ့်မယ် ကြားလားသမီးကြီး "
"ဟုတ်ကဲ့"
သူမ ဘာပြောနိုင်မှာလဲ
အမေသာသေသွားခဲ့ရင်ဆိုတဲ့စိတ်က သူ့ကိုချစ်တဲ့စိတ်ထက်ပိုပြီးကြီးမားေနတာကိုက ပြသနာသူမ ခေါင်းငြိမ့်ခဲ့တယ် တက္ကသိုလ်ပထမနှစ်ပြီးလို့ကျောင်းနှစ်လနားချိန်မှာ သူမ အထုတ်သေးသေးလေးကိုပိုက်လို့ ရန်ကုန်က အဘွားနောက်ယောကျာ်းရဲ့အမျိုးတွေရှိတဲ့ရန်ကုန်ကို မျက်စိသူငယ်နားသူငယ်နဲ့သွားခဲ့တယ် အဘွားနဲ့အတူသွားတာဆိုပေမဲ့ ရင်ထဲမှာဝမ်းနည်းနေခဲ့ပြီးတေ့ာ ဘာကိုဆို့နစ်ကာဘာကိုစိတ်တိုင်းမကျမှနး်မသိဖြစ်နေခဲ့တယ်
အဲ့လိုနဲ့ ဇာတိမြေကိုစွန့်ခွာလို့ထွက်လာခဲ့တဲ့ရထားကြီးဟာ ဂျုန်းဂျုန်းဂျက်ဂျက်နဲ့ အိပဲ့အိပဲ့နဲ့ သစ်ပင်တွေကိုအိမ်တွေကိုအနောက်မှာထားရစ်ခဲ့လေတော့တယ်
ရထားကတုန်ခါနေတာကြောင့် ကောင်းကောင်းထိုင်လို့ကမရ မျက်နှာချင်းဆိုင်က သူစိမ်းတွေကလဲခနချင်းမိတ်ဆွေတွေဖြစ်သွားကြပေမဲ့ဆယ်ကျော်သက်တစ်ယောက်ရဲ့မျက်လုံးထဲမှာတော့တကယ့်ကိုးလိုးကန့်လန့်
အရာရာကိုဂျစ်တိုက်ချင်နေတဲ့မိန်းကလေးဟာ နှစ်ညအိပ်ေလးရက်နီးပါးသွားခဲ့ရပြီးနောက်ဆုံးတော့ တောသူမလေးတစ်ယောက်မြို့ရောက်လာခဲ့ပါတယ်
ရထားပေါ်ကဆင်းလိုက်ပေမဲ့ နားထဲမှာတချိန်လုံးဂျုန်းဂျုန်းဂျက်ဂျက်ပဲကြားနေရတဲ့အပြင်ကို သူမရဲ့အမြင်တွေဟာလဲ ရထားစီးစဉ်ကလို နိမ့်လိုက်မြင့်လိုက်နဲ့ယိမ်းထိုးနေဆဲပဲ
ကားဌားပြီးလို့ ရန်ကုန်မြို့ရဲ့မျက်စိလည်စရာလမ်းများစွာကိုဖြတ်ကျော်အပြီးမှာတော့ ကားပေါ်ကအဆင်းတွေ့တဲ့သစ်ပင်ရှေ့တန်းထိုးအန်တော့တာပဲ
YOU ARE READING
နွံတောထဲကကြာပန်းဖြူ (white lotus in the bemire)og.oc.nl.uni
General Fictionနွံတောထဲကကြာပန်းဖြူ Intro အချစ်ဆိုတာကို လူတွေက ဘယ်လိုအဓိပ္ပာယ်သတ်မှတ်ကြပါသလဲ သီချင်းတွေထဲမှာ ကဗျာတွေထဲမှာ ပုံပြင်တွေထဲမှာ ရာဇဝင်တွေထဲမှာ အချစ်ကိုအမျိုးမျိုးပုံဖော်ပြခဲ့ကြတယ် ပန်းကလေးလို သစ်ရွက်ကလေးလို လေပြေလေးလို ဒါမှမဟုတ် လောကကိုဖျက်ဆီးနိုင်တဲ့ လေ...