part.7

59 3 0
                                    

White lotus in the bemire

Part.7.

"မောင်အရမ်းလွမ်းနေခဲ့တာ မရယ် မောင့်ကိုသတိမရဘူးလားဟင် "

သူမ တိတ်ဆိတ်စွာနဲ့ပဲခေါင်းငြိမ့်ကာဝန်ခံလိုက်ပါတယ် ရူးရူးမိုက်မိုက်လုပ်ပစ်လိုက်ချင်ပေမဲ့သူမမှာဆင်ခြင်တုံတရားဆိုတာကိုအမြဲထိန်းချုပ်နေခဲ့ရတာသူမအသိဆုံး

တိတ်ဆိတ်နေတဲ့အခန်းလေးရဲ့လေထုကရုတ်တရက်ပူနွေးလာခဲ့တယ် သူ့လက်တို့ကလဲ သူမဆံနွယ်တွေကြားသက်ဆင်းလာခဲ့ပြီးလည်ပင်းအနောက်ရောက်လာခဲ့တယ် လက်တဖက်ကခါးသွယ်သွယ်ကိုမြဲမြံစွာဖက်လို့ သူ့နှုတ်ခမ်းတို့က သူမရဲ့မျက်နှာဆီနီးကပ်လာခဲ့တယ် မရဲတရဲအနမ်းဖွဖွလေးကသူမကိုကလူကျီစယ်လာပြီးနောက် အားမရတော့ဟန် ပြင်းထန်အားကောင်းတဲ့မုန်တိုင်းလိုအနမ်းကသူမနှုတ်ခမ်းကိုအပိုင်သိမ်းသွားခဲ့တယ်

ပထမဆုံးအနမ်းလဲဖြစ် ပထမဆုံးအတွေ့အကြုံလဲဖြစ်တော့သူမမှာလက်ဖျားခြေဖျားတွေအေး‌စက်လို့ ဒူးတွေကတုန်ရီနေကာတကိုယ်လုံးမှာအားတစ်စက်မှမရှိတော့သလိုပျော့ခွေသွားတဲ့အပြင် ရင်ဘတ်တခုလုံးကလဲအပြင်းအထန်တုန်ရီနေခဲ့တယ်

သူမအတွက်တော့ သူ့ရဲ့ပြင်းထန်တဲ့ခံစားချက်ကိုပထမဆုံးလက်တွေ့ကြုံဖူးတာပဲ သူမအပေါ်စဉ်ဆက်မပြတ်သွန်းဖြိုးလာတဲ့သူ့ရဲ့အချစ်တွေကိုအကုန်လက်ခံဖို့ရာများလွန်းနေခဲ့တယ်

အဲ့ဒါအပြင် အချိန်ကြာလာတော့သူမအသက်ရှူတွေပါကြပ်လာခဲ့တော့ သူမသူ့ကိုတွန်းမိတော့တယ် ဒါပေမဲ့ သူက ထိန်းမရခဲ့ဘူး သူမကိုပိုတင်းကြပ်အောင်ဖက်ထားတဲ့အပြင် သူမကိုပါအသက်ရှုမဝအောင်လုပ်နေလေတယ်

အဲ့လိုနဲ့မခံနိုင်တဲ့အဆုံး သူမလဲ သူ့ကိုအားသုံးတွန်းထုတ်ပစ်တော့တယ်

ပတ်ဝန်းကျင်ကမိုးရွာနေတော့ မိုးသံပဲရှိပြီးလူသံကတိတ်ဆိတ်နေ‌တယ် ဒါ့အပြင် လွတ်လပ်တဲ့နေရာမှာ လွတ်လပ်တဲ့သူနှစ်ယောက် ဒါ့အပြင် ခံစားချက်တွေပါပေါက်ကွဲထွက်နေတဲ့အချိန် သူ့အနမ်းကိုကြာကြာလွတ်ထားလိုက်ရင် တစုံတခုက မလွဲမသွေဖြစ်ပျက်လာတော့မှာ

နွံတောထဲကကြာပန်းဖြူ (white lotus in the bemire)og.oc.nl.uniWhere stories live. Discover now