White lotus in the bemire
Part.13.
လူ့ဘဝက အကြောင်းမသိတဲ့လမ်းတလမ်းကိုသွားရသလိုပဲ အခုပဲ ချောမွေ့တဲ့နေရာကိုဖြတ်သွားေနရပေမဲ့ ခနနေ ချိုင့်တွေများတဲ့လမ်းကိုဖြတ်ဖို့လဲဖြစ်လာတတ်တယ်
အကွေ့အကောက်များလွန်းပြီး တောင်တက်တောင်ဆင်းတွေကိုလဲရုတ်တရက်မြင်တွေ့လာရတတ်တယ် တခါတရံ ချောက်ဘေးတည်ဆောက်ထားတဲ့လမ်းကိုလဲဖြတ်ရပြီး ပန်းပေါင်းစုံပွင့်လန်းနေတဲ့လမ်းကိုလဲသွားရတတ်ပါတယ်
အဲ့လမ်းလေးလိုပဲ သူမရဲ့ဘဝကလဲ အလွန်အမင်း ကွေ့ကောက်ကြမ်းတမ်းတယ်လို့ပြောရမယ် ပန်းရနံ့ဖြာသင်းနေတဲ့လမ်းကိုဖြတ်ဖို့တော့လား တနေ့ဖြစ်လာမှာပေါ့ဆိုပြီး အတုအယောင်ယုံကြည်မူ့နဲ့ပဲမျက်စိမှိတ်ယူဆထားလိုက်တာပေါ့
တကယ်လဲ သူမရဲ့ဘဝရေး အချစ်ရေးကအစ ပညာရေးအထိ တစ်နေရာမှ မချောမွေ့ခဲ့ဘူး
ကျောင်းကဆရာမတစ်ယောက်ကယ်လို့ ကျောင်းဆက်တက်ဖို့ဖြစ်ခဲ့ရသလို အမေ့ရဲ့အချစ်ကိုလဲတခါမှမခံခဲ့ရဖူးဘူး
သူမရဲ့ဘဝကဒီလောက်ဆိုကြမ်းတမ်းတာလုံလောက်ပြီလို့ထင်နေတာ ဒိထက်ပိုပြိးတော့မကြမ်းတမ်းနိုင်လောက်ဘူးပေါ့
ရယ်ရတဲ့ဟာသပဲ ဘယ်တုန်းကမှမထင်ထားတဲ့ အန္တရာယ်လှိုင်းလုံးကြီးက အသိမပေးပဲ သူမရင်ကိုဝုန်းခနဲလာဆောင့်ခဲ့လေတယ်
အဲ့အဖြစ်အပျက်က သူမရဲ့မောင်ပြန်ရောက်လာတဲ့အချိန်ကစခဲ့တယ်
အလုပ်အဆင်မပြေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပြန်ရောက်လာတဲ့ သူမမောင်က အရင်ကထက်ထွားလာသလို အရပ်လဲရှည်လာတယ် အစားလဲပိုစားလာသလို ရည်းစားလဲပွေလာခဲ့တယ်
အဲ့ဒါကတော်သေးတယ် မတော်တရော်ကဘာလဲဆိုတော့ သူ့အရပ်အားကိုးနဲ့လားသူ့ခန္ဒာကိုယ်အားကိုးနဲ့လားမသိ သူမကို မလေးမစားလုပ်လာတယ် ရိုင်းစိုင်းလာခဲ့တယ်
သူမရဲ့စကားတွေကိုနားမထောင်တော့ဘူး အကြံပေးတာလက်မခံတော့ဘူး သူမကိုပူတယ်ဆူတယ်လို့ထင်လာတယ် အဲ့တော့ သူမတို့ကမတည့်တော့လေဘူး
YOU ARE READING
နွံတောထဲကကြာပန်းဖြူ (white lotus in the bemire)og.oc.nl.uni
Fiksi Umumနွံတောထဲကကြာပန်းဖြူ Intro အချစ်ဆိုတာကို လူတွေက ဘယ်လိုအဓိပ္ပာယ်သတ်မှတ်ကြပါသလဲ သီချင်းတွေထဲမှာ ကဗျာတွေထဲမှာ ပုံပြင်တွေထဲမှာ ရာဇဝင်တွေထဲမှာ အချစ်ကိုအမျိုးမျိုးပုံဖော်ပြခဲ့ကြတယ် ပန်းကလေးလို သစ်ရွက်ကလေးလို လေပြေလေးလို ဒါမှမဟုတ် လောကကိုဖျက်ဆီးနိုင်တဲ့ လေ...