White lotus in the bemire
Part.10
သူမ ကျောင်းပြန်ဖွင့်ခါနီးတော့ ရန်ကုန်ကနေပြန်လာတယ် ကျောင်းပြန်တက်တယ်
နှိုင်းမရ မိန်းမရသွားတယ်တဲအရမ်း အံဩမိပေမဲ့ နာကျည်းတာရော ဝမ်းနည်းတာရော မရှိခဲ့ဘူး
သူ့ကိုတကယ်ကြီးမချစ်ခဲ့ဘူးထင်ပါရဲ့
ဒါပေမဲ့ သူမ မရည်ရွယ်ပဲ သူ့ဆိုင်ရှေ့မျက်နှာချင်းဆိုင်က မုန့်ဆိုင်လေးမှာအမြဲမုန့်စားရင်း သူ့ကိုကြည့်မိတယ် ဘာသဘောမှမဟုတ်ပေမဲ့ အဲ့အတိုင်းကြည့်နေရတာကိုဒီအတိုင်းသဘောကျတာပဲ သူ့မိန်းမလေးကလဲချောချောလေး ဆံပင်ရှည်ရှည်လေးနဲ့ချစ်စရာလေး သူတို့နှစ်ယောက်ကလိုက်ဖက်တယ် ဒီလိုနဲ့သူမကြည့်ဖို့ငြီးငွေ့သွားပြီး သူ့ဘဝကိုစိတ်ချသွားတဲ့အချိန်ကျ အဲ့ကိုမသွားဖြစ်တော့ဘူး ဘာလို့ဆိုသူမလဲသူမရဲ့ဘဝသစ်ကိုစတင်ဖို့လိုတယ်လေ
သူမအမေဆေးရုံတက်ပြီးတော့ဆရာဝန်က အိမ်တွင်းမူ့လုပ်ငန်းကိုဆက်မလုပ်ခိုင်းတော့ဘူး အဲ့ဒါကြောင့် သူမလဲ အလုပ်သိပ်မလုပ်ရတော့ဘူး ကြံရည်ဖန်ရည်ရှိတဲ့အမေက လုပ်ငန်းတခုကိုထူထောင်လိုက်ပြီး အဲ့လုပ်ငန်းကလူအများကြီးမလိုဘူး အငယ်မလေးကိုလဲအမေကပြန်ဂရုစိုက်လာသလို အလတ်ေကာင်ကလဲေကျာင်းထွက်ပြီးဖားကန့်အလုပ်သွားလုပ်တယ် အဲ့လိုနဲ့သူမရဲ့ဘဝကလဲငြိမ်းချမ်းသွားတေ့ာတယ်
သူမတက္ကသိုလ် ဒုတိယနှစ်ပြီးခါနီးတော့ ရန်ကုန်ကအမျိုးတွေပြန်လာလည်တယ် သူတို့ပြောတာကတော့ သူမကိုလွမ်းလို့တဲ့
သူမလဲအိမ်ရှင်ပီသစွာ ဘုရားပို့ဟိုလည်သည်လည် သူမတတ်နိုင်သလောက်လေးဟိုစားသောက်ဆိုင်ပို့သည်စားသောက်ဆိုင်ပို့ပေါ့ အမေကလဲဘာသဘောကောင်းတယ်မသိ သူမကိုလက်ထဲသုံးဖို့ငွေတစ်သောင်းပေးလာလေတယ်
အဲ့လိုနဲ့တနေ့တော့ သူမအမေက သူမကိုအခန်းထဲခေါ်ပြောပါလေရော ထိုသူရဲ့မိဘများကသူမကိုလိုချင်တယ်တဲ့လေ သူ့သားနဲ့ပေးစားချင်တယ်တဲ့ သူမကသမီးအလိမ်မာလေးမို့တဲ့ ဘာဆိုင်လဲနော်
ထိုသူက သူမရဲ့ကျောင်းကိုလိုက်ပို့တယ် ကြိုပေးတယ် မိဘတွေကသဘောတူထားတယ်ဆိုပြီးသူမကိုအခွင့်အရေးယူတယ်
သူမကိုလိုက်တဲ့ကောင်လေးတွေကိုလဲသူ့အပိုင်ဆိုပြီးမသိမသာရောသိသိသာသာပါမြင်သာအောင်ပြတယ်
YOU ARE READING
နွံတောထဲကကြာပန်းဖြူ (white lotus in the bemire)og.oc.nl.uni
General Fictionနွံတောထဲကကြာပန်းဖြူ Intro အချစ်ဆိုတာကို လူတွေက ဘယ်လိုအဓိပ္ပာယ်သတ်မှတ်ကြပါသလဲ သီချင်းတွေထဲမှာ ကဗျာတွေထဲမှာ ပုံပြင်တွေထဲမှာ ရာဇဝင်တွေထဲမှာ အချစ်ကိုအမျိုးမျိုးပုံဖော်ပြခဲ့ကြတယ် ပန်းကလေးလို သစ်ရွက်ကလေးလို လေပြေလေးလို ဒါမှမဟုတ် လောကကိုဖျက်ဆီးနိုင်တဲ့ လေ...