White lotus in the bemire
Part.9.
"ညည်းငယ်ငယ်ကတခါလာဖူးတယ်လေ အဲ့တုန်းကတော့ကိုကို ကိုကိုနဲ့ ပတ်လိုက်နေခဲ့တာလေ ခုတော့ စိမ်းပြီပေါ့ "
သူမမှတ်ဉာဏ်ထဲအဲ့အဖြစ်အပျက်ကတကယ်မရှိတာ သူမဘာမှမသိလိုကြောင်ကြောင်လေးဖြစ်နေတော့ အားလုံးကဝိုင်းရယ်တယ် အလိုလိုက်တဲ့မျက်ဝန်းတွေနဲ့သူမကိုကြည့်ကြတယ်
တစိမ်းသူတွေရဲ့အချစ်ကိုမခံဖူးတော့ သူမ ပိုလို့ရှက်မိတယ် ဒါပေမဲ့ ရင်ထဲမှာလဲတသိမ့်သိမ့်နဲ့ငြိမ်ငြိမ့်လေးခံစားမိတယ်
အဲ့ခံစားချက်က တကယ်ကိုကောင်းတာ မူးရစ်ဆေးလိုပဲစွဲလန်းစေတယ် ရစ်မူးစေတယ်
အချစ်ခံဖို့လိုနေတဲ့သူမအဖို့တော့ ရေနွေးအိုးထဲကဖားလေးလိုပဲပေါ့ ဒီရေလောက်ကအတော်ပါပဲလေ အတော်ပါပဲလေနဲ့ ရေနွေးပွက်ပွက်ဆူလာတဲ့အခါကျ မခုန်ထွက်နိုင်လောက်အောင်နောက်ကျနေလောက်ပြီပေါ့
ဒါပေမဲ့ လူဆိုတာကလဲအခက်သားလား သူစိမ်းဆိုကြောက်တဲ့သူမက သူတို့နဲ့ရင်းနှီးဖို့ တစ်ရက်သာလိုလိုက်တယ်
သူမထက်ကြီးကြတဲ့မောင်နှမနှစ်ယောက်က သူမကို စိတ်ပြေလက်ပျောက်ဟိုဟိုသည်သည်ခေါ်သွားပြီး ထူးထူးဆန်းဆန်းလေးတွေလျှောက်ကျွေးတယ်
တထုတ်ထုတ်နဲ့စားလို့ကောင်းတဲ့ပုစွန်အစိမ်းသုပ်တို့ အသားနိုင်ချင်းနဲ့ကြေးအိုးတို့လိုမျိုးပေါ့
ဈေးအကြီးကြီးကိုလဲခေါ်သွားတယ် လူတွေအများကြီးက ပုရွက်ဆိတ်လေးတွေလိုကျိတ်ကျိတ်တိုးစည်ကားနေတာကလဲသူမအတွက်တော့အံဩဖို့ကောင်းတယ်
ပစ္စည်းတွေကလဲဈေးသက်သာပြီးတော့ ဂါဝန်လေးတွေကလဲအရမ်းလှ ဖိနပ်လေးတွေကလဲမငြင်းရက်ချင်စရာလေးတွေချည်းပဲ
မောင်နှမနှစ်ယောက်မှာ အမဖြစ်သူက နာမည်ကြီးကုမ္ပဏီတခုက ဝန်ထမ်း မောင်ဖြစ်သူက နာမည်ကြီးဟိုတယ်တခုကချက်ကြီးဆိုလားပဲ ဝင်ငွေကောင်းကြတယ်
သူတို့ချက်ကျွေးတဲ့ကိုက်လန်ခရုဆီဆိုလား ကန်စွန်းပလိန်းဆိုလား စားခဲ့ရသေးတယ် ချိုချိုကြီးဆိုပေမဲ့အသီးအရွက်ကြိုက်တဲ့ကိုယ်ကတော့ ပါးစပ်ထဲရောက်လို့ဝါးပြီးမျိုချဗိုက်ပြည့်သွားရင်ပြီးတာပဲပေါ့
YOU ARE READING
နွံတောထဲကကြာပန်းဖြူ (white lotus in the bemire)og.oc.nl.uni
Ficción Generalနွံတောထဲကကြာပန်းဖြူ Intro အချစ်ဆိုတာကို လူတွေက ဘယ်လိုအဓိပ္ပာယ်သတ်မှတ်ကြပါသလဲ သီချင်းတွေထဲမှာ ကဗျာတွေထဲမှာ ပုံပြင်တွေထဲမှာ ရာဇဝင်တွေထဲမှာ အချစ်ကိုအမျိုးမျိုးပုံဖော်ပြခဲ့ကြတယ် ပန်းကလေးလို သစ်ရွက်ကလေးလို လေပြေလေးလို ဒါမှမဟုတ် လောကကိုဖျက်ဆီးနိုင်တဲ့ လေ...