White lotus in the bemire
Part.4.
ဝရံတာလေးမှာတစ်ယောက်ထဲထိုင်ရင်း ဒီဘဝက ဒီအတိုင်းဆက်သွားနေတာဖြစ်သင့်ရဲ့လားလို့တောင် တွေးမိတဲ့အထိပေါ့
နေသာနေတယ် ငှက်ကလေးတွေကလဲ ပျံသန်းပြီး တကျီကျီတကျာကျာအော်မြည်နေတယ် လေညှင်းကတသွဲ့သွဲ့တိုက်ခတ်နေပြီး အရာအားလုံးက သာယာနေပေမဲ့လဲ သူမအဲ့မြင်ကွင်းကို အဓိပ္ပာယ်ရှိတယ်လို့မမြင်တော့ဘူး
နောက်တော့ လက်ထဲမှာရှိတဲ့ပိုက်ဆံစုဗူးကိုသုံးဖို့ပဲတွေးလိုက်တော့တယ်
သူမကို ဘယ်သူကမှမလိုချင်တာ ဒီလောကထဲ သူမပျောက်သွားလဲငိုမဲ့သူမရှိလောက်တော့ပါဘူးလေလို့ တွေးမိလေတော့တယ်
ငယ်သေးတော့ ဘာမှသိပ်မသိတဲ့အရွယ် လူကြီးတွေပြောလို့ကြားဖူးတာ အင်္ဂလိပ်ဆေးနဲ့အချဉ်ရောစားမိရင်သေတယ်တဲ့ ဆေးပြင်းလေပိုဆိုးလေပဲတဲ့
သူမ လက်ထဲကိုပိုက်ဆံကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဆိုင်ကိုသွားခဲ့တယ် သူမဝယ်တာထူးဆန်းနေလို့ ဆိုင်ရှင်ကတောင်သတိပေးစကားပြောခဲ့သေးတယ်
ဟဲ့သမီးအဲ့တွေကိုရောမစားနဲ့နော်သေတတ်တယ်တဲ့ သူမခေါင်းငြိမ့်လက်ခံလိုက်ပေမဲ့ စိတ်ထဲကတော့ မြန်မြန်သေ နားအေးတယ်လို့ပြောနေမိတယ်
တကယ်လဲသူမစားခဲ့တယ် သူမ ခြေကုန်လက်ပန်းကျနေပြီ သူမဆက်ပြီးမနေချင်တော့ဘူး သူမတကယ်ကိုပျောက်ကွယ်သွားလိုက်ချင်ပြီ
သူမလုပ်နေရတဲ့အလုပ်တွေ သူမခေါင်းပေါ်ရောက်နေတဲ့ကိစ္စတွေ သူမ မလုပ်ချင်တော့ဘူး အမေ့မျက်နှာကိုလဲမကြည့်ချင်တော့ဘူး အဲ့အိမ်ကိုလဲမပြန်ချင်တော့ဘူး
ဘုရားမှာထိုင်ပြီး သူများတွေ ပျော်ရွှင်နေတာ သူများမိသားစုတွေရယ်မောနေတာ သူများသူငယ်ချင်းတွေနဲ့ကျီစယ်နေတာ ကလေးတွေနောက်ပြောင်နေကြတာ
အရာအားလုံးက လှပပေမဲ့ သူမအတွက်တော့ကြည့်လေပိုဝမ်းနည်းလေဖြစ်လာတယ်
သူမစားထားတာကလဲ အစွမ်းပြလာတယ်ထင်ပါရဲ့
ရှေ့ကမြင်ကွင်းက ဝေဝါးလို့လာတယ် ချွေးစီးတွေကလဲကျလာပြီး ရင်တလှပ်လှပ်နဲ့ ဗိုက်လဲနာတယ် အသံတွေကလဲ ဝေးသွားလိုက် နီးလာလိုက်နဲ့ အားမရှိတော့ပဲ လက်ချောင်းတွေကိုတောင် မဆုပ်နိုင်တော့ဘူး
YOU ARE READING
နွံတောထဲကကြာပန်းဖြူ (white lotus in the bemire)og.oc.nl.uni
General Fictionနွံတောထဲကကြာပန်းဖြူ Intro အချစ်ဆိုတာကို လူတွေက ဘယ်လိုအဓိပ္ပာယ်သတ်မှတ်ကြပါသလဲ သီချင်းတွေထဲမှာ ကဗျာတွေထဲမှာ ပုံပြင်တွေထဲမှာ ရာဇဝင်တွေထဲမှာ အချစ်ကိုအမျိုးမျိုးပုံဖော်ပြခဲ့ကြတယ် ပန်းကလေးလို သစ်ရွက်ကလေးလို လေပြေလေးလို ဒါမှမဟုတ် လောကကိုဖျက်ဆီးနိုင်တဲ့ လေ...