29

1.1K 192 4
                                    


နေ့လည်ခင်းအချိန်၌ သင်တန်းသားများနှင့် နည်းပြဆရာများသည် သူတို့၏နှစ်လမ်းသွားရွေးချယ်မှုအသစ်ကြောင့် ခေါင်းစားနေကြစဉ်တွင် ရုပ်သံလွင့်ပလပ်ဖောင်းဖြစ်သည့်"Super Idol"၏တရားဝင် Weibo ၌ ယနေ့ညတွင် နည်းပြဆရာများနှက့်သင်တန်းသားများကြား အပြန်အလှန်ရွေးချယ်မှုအကြောင်းကို တိုက်ရိုက်ထုတ်လွှင့်မည်ဟု ကြေညာထားပြီးဖြစ်သည်။

ပြင်ဆင်ရန် ဆယ်မိနစ်ကျန်သေးကြောင်း ဒါရိုက်တာက လူတိုင်းကို အသိပေးကြေညာပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ မူလကမဲမှောင်နေသောဖန်သားစခရင်မျက်နှာပြင်ကြီးသည် ချက်ချင်းဆိုသလို လင်းလာခဲ့သည်။

ဟိုဘက်ဒီဘက်ရွေးချယ်ရမည်ဆိုတာသိသော်လည်း စည်းမျဉ်းစည်းကမ်းတွေကိုမသိသေးတဲ့ပရိသတ်တွေက သူတို့ရဲ့ခန့်မှန်းချက်တွေ ဆုတောင်းစာတွေကို ပေးပို့လာကြသည်။

[ နည်းပြဆရာဟန်ကျွယ်က ငါ့ Yao Kan လေးကို သက်ညှာပြီးချန်ထားမယ်လို့ မျှော်လင့်ပါတယ် ]

[ မားကလေးလေး ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ် ]

[ ဒီတစ်ကြိမ်တော့ မယုံကြည်ရတဲ့နည်းပြဆရာကို ထပ်မရွေးချယ်မိပါစေနဲ့။မင်းအတွက် သူက မသင့်တော်ဘူး ]

ဆယ်မိနစ်ဆိုတဲ့အချိန်က အရမ်းကိုတိုတောင်းလှသည်။

တိုက်ရိုက်ထုတ်လွှင့်မှုဖန်းသားပြင်တွင် ဒုံးပျံလိုကျည်ဆန်အရှိန်များဖြင့် စာများက တစ်စောင်ပြီးတစ်စောင်ဝင်လာတာက တတောင်တောင်ဖြင့် ဆူညံစွာ တက်လာခဲ့သည်။

ထို့နောက် ကုစစ်ရယ်၏ အရပ်ရှည်ပြီး ဖြောင့်စင်းသော အသွင်အပြင်သည် စင်မြင့်၏ အလယ်ဗဟို‌နေရာ၌ပေါ်လာသည်။

ထို့ကြောင့် မူလက တရစပ်ဆူညံနေသောမျက်နှာတွင် [ အားးး....နှင့် ခင်ပွန်း ]ဆိုသည့်စာများဖြင့် ပြည့်နှက်သွားခဲ့သည်။

ကုစစ်ရယ်သည် ကင်မရာကိုမျက်နှာမူကာ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိသတ်များအား နှုတ်ဆက်လိုက်ပြီး ယနေ့ညအပြန်အလှန်ရွေးချယ်ခြင်းဆိုင်ရာ စည်းမျဉ်းများကို ထပ်မံရှင်းပြပြီးနောက် စိတ်လှုပ်ရှားဖွယ်ရာ အပြန်အလှန်ရွေးချယ်မှုအပိုင်းကို စတင်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now