Unicode
အပေါ်ထပ်ကနေ ဟန်ပါပါဖြင့်ဆင်းလာတဲ့ ဆရာ၀န်အမျိုးသမီး သူ့နာမည်က တိမ်လွှာမိုးတဲ့ Griddle group ရဲ့ တစ်ဦးတည်း မြေးဖြစ်ပေမဲ့ ငယ်စဉ်တည်းက ဝါသနာပါရာ ဆရာ၀န်အလုပ်လုပ်ကိုင်နေသူ တစ်ယောက်
သူတို့အိမ် စည်းမျဉ်းတစ်ခုရှိတယ် မနက်ခင်း ထမင်းစားချိန် အလုပ်မအားလျှင်ပင် လူစုံရမည်ဆိုသောကြောင့် ထမင်းစားခန်းထဲ၀င်ပြီး"morning grandfather dady mommy"
"Morning"
"ကဲ ငါ့မြေးလေးလည်းဆင်းလာပြီဆိုတော့ အဘိုးပြောစရာရှိတယ်"
"ပြောလေ အဘိုး company ကို ဦးစီးခိုင်းဖို့ကလွဲ ကျန်တာပြောလို့ရတယ်"
"ငါ့မြေးကတော့ လုပ်ပြီ"
"သမီးရယ် အဘိုးပြောတာ နားထောင်ပါအူံး"
ကြာရင် ရန်ဖြစ်တော့မယ် မြေးအဖိုးနှစ်ယောက်ကြားထဲ အမေက၀င်ဖြန်ဖြေလိုက်ရတယ် မြေးဖိုးနှစ်ယောက်က မတည့်အတူနေ မမြင်ချောင်းကြည့်ဖြစ်ပြီး အဘိုးဖြစ်သူက ကုမ္ပဏီ ဦးစီးစေချင်သော်လည်း မြေးလုပ်သူက ဆရာဝန်လုပ်သဖြင့် ညှိမရသော ပြသာနာ တစ်ခုဖြစ်နေသည်။
"ဘာများလဲ"
"ငါ့မြေး ချစ်သူတွေရှိနေပြီလား"
"မရှိပါး ဘာလို့လဲ အဖိုး"
"ငါ့မြေးကို အိမ်ထောင်ပြုစေချင်လို့ပါ အသက်က ၂၅ အရွယ်ရောက်ပြီဆိုတော့ ချစ်သူများရှိလားလို့ပါ"
"သမီး မရှိသေးပါဖူး အဖိုး တွေ့ထားလို့လား အဖိုးမြေးက အလုပ်ကလွဲ တစ်ခြားကိစ္စမှာ အဖိုးဆန္ဒအတိုင်းပါနော်"
"အခုတော့မတွေ့သေးပါဖူး မြေး ချစ်သူရလည်း အဖိုးကိုပြောလေ အဖိုး တွေ့ထားရင်လည်း သမီးအဖေနဲ့အမေတိုင်ပင်ပြီး စီစဉ်ပေးမယ်"
"ဟုတ်ကဲ့ အခုတော့စားလိုက်အုံး ၈ခွဲနေရပြီဆိုတော့ ဂျူတီနောက်ကျမှာစိုးလို့"
"ဟေ ငါ့မြေးကို ဘယ်သူပြောရလဲကွ !!"
"အဖိူး စိတ်လျော့ သမီးအလုပ်မှာတော့ ပြသာနာမရှာပါနဲ့နော်"
ဆိုပြီး ပြောလိုက်တော့ အဖေနဲ့အမေပါ ပြုံးပြုံးကြီးကြည့်နေတယ်။တိမ်လွှာမိုးက အဖိုးအရိပ်အောက်ကနေ လွတ်မြောက်ပြီး ဆရာ၀န်လုပ်နေတာဖြစ်ပြီး အဖိုးကတော့ ငါ့မြေးထိ ဓားကြည့်ဖြစ်တာမို့ စိတ်ထိန်းခိုင်းတာဖြစ်တယ်။
-----------------------------------------------------------
"ဒေါက် ဒေါက် သမီးရေ ထတော့"
YOU ARE READING
အောင်သွယ်တော် အဖိုး(Completed)
General Fictionအဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....