အပိုင်း (၁၂)🚨 (U+Z)

14.5K 332 1
                                    

Unicode

"ကြက်သားစင်းကောသုပ် ကြိုက်တယ်မလား သမီးလေး စားနော် သမီးတိမ်လွှာဆိုရင်အရမ်း ကြိုက်တာ။"

"ဟုတ်ကဲ့။ သမီးလည်းအရမ်းကြိုက်တယ် များကြီးစားမယ်နော် မားမား"

"စားပါရှင် မာမီကအများကြီးကြော်ထားတာ"

မျက်နှာချင်းဆိုင်မှာထိုင်နေကာအပြန်အလှန် ပြောနေကြသည့်လူနှစ်ယောက်အားကြည့်န ရင်းပင် တိမ်လွှာတစ်ယောက်မျက်စိဆံမွှေးစူးနေ တာကြာပြီ။ လက်ထပ်ပြီး တစ်လအကြာမှ မိဘအိမ်ပြန်လာခဲ့ပေမဲ့လည်း ယောက္ခမနဲ့ ချွေးမက အဆင်ပြေနေပြီး သမီးဖြစ်သူကိုမေ့ထားခြင်းကြောင့်ဖြစ်သည်။

"စာတွေကောလိုက်နိုင်လား သမီး။ ကျောင်းပျက်ရက်များနေလို့ အဆင်ပြေရဲ့လား"

ထမင်းမစားခင် ဟင်းချိုသောက်နေရင်း
ဒယ်ဒီက မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ ပါးပါး လိုက်နိုင်ပါတယ် သမီးသူငယ်ချင်းတွေက ကူးပေးထားတယ်လေ ပြီးတော့ မ က နားမလည်တာရှိရင် ရှင်းပြပေးတယ်လေ"

ထိုစကားကိုကြားတော့ဒယ်ဒီဟာခေါင်းတစ် ဆတ်ဆတ်ငြိမ့်ရင်း

"သမီးကငယ်သေးတယ်ဆိုတာ သိတယ်မ လား ။ကျောင်းလည်းမပြီးသေးဘူးဆိုတော့ ဒယ်ဒီအနေနဲ့စာကိုဘဲအာရုံစိုက်စေချင် တယ်။ပြီးတော့ သမီး‌ယူထားတာ စီးပွားရေးမေဂျာဆိုတော့ စိတ်၀င်စားလို့လား"

"ဟုတ်ကဲ့ ပါးပါး စီးပွားရေးနဲ့ပတ်သက်ပြီး စိတ်၀င်စားလို့ပါ"

"ဒါနဲ့ အစ်ကို သမီးသံစဉ်က နောက်နှစ်က
စပြီး အဝေးသင်ပြောင်းမို့တဲ့"

"ဘာလို့လဲ သံစဉ် ကျောင်းမှာအဆင်မပြေလို့လား ဝေဖန်မှုတွေကြောင့်လား"

"မဟုတ်ပါဖူး ပါးပါး ကျောင်းချိန်တစ်ဖက်နဲ့ဆိုတော့ မ ကို ပြစ်ထားမိသလိုဖြစ်လို့ပါ ပြီးတော့ သူငယ်ချင်းတွေနဲ့ စပ်တူ စားသောက်ဆိုင်လေးဖွင့်မလားလို့ပါ"

"ခေတ်လူငယ်တွေများ ချစ်တက်လိုက်တာ ကဲကဲ စကားများနေတာနဲ့ ဟင်းတွေအေးတော့မယ် စားကြရအောင် သမီးသံစဉ် အားမနာနဲ့နော်"

အောင်သွယ်တော် အဖိုး(Completed)Where stories live. Discover now