အပိုင်း (၁၃) (U+Z)

7.8K 270 8
                                    

Unicode

Company မှာအဆင်ပြေပြေပြီးသွားပြီး ရှယ်ယာရှင်တွေကလည်း သံစဉ်အစီစဉ်ကိုလက်ခံပြီး အသက်ငယ်ငယ်နဲ့ idea ကောင်းရှိတာမို့ ချီးကျူးနေကြသည်။ပါးပါးကတော့ ကုမ္ပဏီနေဖို့ပြောပေမဲ့ မ နဲ့ လျှောက်လည်ချင်တာမို့ ဆက်မနေတော့ဘဲထွက်လာခဲ့သည်။

ကားပေါ်ရောက်သည်နှင့် မရဲ့ စကားသံတွေကြားလာခဲ့သည်။

"ကလေးရာ တော်လိုက်တာ မ ဆို ဘာမှမသိဖူး ကလေးကအတော်ဆုံးဘဲ"

‌ပါးစပ်ကလည်း လက်ကလည်း ပါးကို ဆွဲလိုက် လက်ဖမိုးကိုင်လိုက် Lover seat ကနေ မ တစ်ယောက်အလုပ်ရှုပ်နေတယ်။

"မ ခနနေပါအူံး ကားမောင်းနေတယ်လေ မရယ်"

"မ ကလေးသူငယ်ချင်းတွေက ______ လိပ်စာက sushi ရောက်နေတယ်တာ လာမလားတဲ့ စောနက ကုမ္ပဏီက မထွက်ခင် message ပို့လာတယ်"

"သွားမယ်လေ မ သူငယ်ချင်းလဲခေါ်လိုက်မယ် မတွေ့တာကြာပြီဆိုတော့ ပြီးတော့ ခရီးသွားဖို့လည်းတိုင်ပင်ရမယ်လေ"

"ဟုတ်ပြီ မ အဲဆို မ စာပို့ထားလိုက်နော် ကလေး အဲဆိုကို မောင်းပြီနော်"

"Ok လေ ကလေး"

-----------------------------------------------------------
"ဘုတ်"

"အာ့ ရှင်ဘယ်လိုလျှောက်နေတာလဲ!!"

"တောင်းပန်...နီနီ!!"

ညီမဖြစ်သူက sushi ဆိုင်သွားမယ်ဆိုပြီး ခေါ်တာကြောင့် ညီမဖြစ်သူ ဆေးခန်းကို လာတော့ ဒုန်းစိုင်းပြေးတက်လာပြီး နောက်ကတိုက်ချလာတာကြောင့် ဒေါသတကြီး ပြန်တုံ့ပြန်ခဲ့ပေမဲ့ ကိုယ်နာမည်ကိုခေါ်တာကြောင့် ကြည့်လိုက်တော့ ကမ္ဘာမှာ အမုန်းဆုံးနှစ်ယောက်ထဲက တစ်ယောက်။

"အော် ဘယ်သူများလဲမှတ်တယ် သူငယ်ချင်းလေးပါဘဲကနေ လင်မယားဖြစ်သွားတဲ့
အချစ်ဆူံးသူငယ်ချင်း မိုးခန့်ပါလား"

"မဟုတ်ဖူး နီနီ ကိုယ်ရှင်းပြ...."

"ရှေ့ကဖယ်စမ်းပါ ကျက်သရေမရှိတဲ့ မျက်နှာလာမြင်နေရတယ်"

ထိုသူကိုဖယ်ပြီး ညီမရှိရာ နားနေခန်းထဲကိုသွားခဲ့ပေမဲ့ ညီမ ဖြစ်သူမရှိပေ။ဒါကြောင့်မို့ နီနီလည်း အနီးနားက nurse ကိုမေးကြည့်လိုက်သည်။

အောင်သွယ်တော် အဖိုး(Completed)Where stories live. Discover now