Unicode
ဒီနေ့ကတော့ သံစဉ်တို့ကျောင်းရဲ့ fresher welcome ပွဲနေ့ဖြစ်သည်။သံစဉ်က selection ထဲပါတာကြောင့် စိတ်လှုပ်ရှားနေသည်။
"သံစဉ် ဖိုက်တင်းနော် ဘာမှ စိတ်မလှုပ်ရှားနဲ့"
ဆွေမီ၀င်းကလွဲ ကျန်တဲ့သူတွေက ဖျော်ဖြေးရေးတွင်ပါတာကြောင့် အလုပ်ရှုပ်နေပြီး
ဆွေမီ၀င်းကတော့ သံစဉ်ဘေးနားက အားပေးနေသည်။အစ်မတိမ်လွှာကို မတွေ့တာကြောင့် မလာချင်လို့ဖြစ်မှာတွေးမိသည်။"ကလေး!!!"
ဗိုက်ဆာလို့ မုန့်ထွက်၀ယ်နေပြီး fresher welcome ကျင်းပရာ အဆောင်ဆီပြန်မယ့်အလုပ်နောက်ကနေလှမ်းအော်တာကြောင့် လှည့်ကြည့်လိုက်တော့ အစ်မတိမ်လွှာဖြစ်နေသည်။အစ်မတိမ်လွှာကလည်း ပြေးလာပြီး ခေါင်းပေါ်မှာ ပန်းလေး ပန်ပေးပြီး ဆီကွက်နေတဲ့ ပါးစပ်ကို အိပ်ကပ်ထဲမှာ ပါလာတဲ့ ပုဝါနဲ့ တယုတယသုတ်ပေးနေသည်။
ထိုမြင်ကွင်းကိုမြင်တော့ ပတ်၀န်းကျင်ကလူတွေက အံဩမှုတွေပြည့်နှံ့နေသည်။fresher welcomeဆိုတော့ မိမိတို့ကျောင်းကပါမက တစ်ခြားကျောင်းကပါ လာကြည့်ကြတာကြောင့် မိမိတို့အကြောင်းမသိတဲ့သူပါ သိကုန်ကြသည်။
Girl 1 - "ညီမ ဟိုနှစ်ယောက်ကအတွဲတွေလား"
Girl 2- "အဲဒါ TS Eliot ဆေးရုံက M.D.Sc ဘွဲ့ရ တိမ်လွှာမလား"
Girl 3- "ဟုတ်တယ်လေ သူတို့နှစ်ယောက်က လက်ထပ်တော့မှာတဲ့ နောက် ၃ရက်နေရင် သည်းသည်းကဲကဲတွေ နှစ်ယောက်လုံးက"
Girl 2 "အစ်မတိမ်လွှာက မထင်ရဖူးနော် ကြည့်လိုက်ရင် မာနကြီးတဲ့ပုံနဲ့ အခုများကျ တစ်ခြားစီ"
တိမ်လွှာကို သိတဲ့သူတွေရှိတာကြောင့် ပြောဆိုနေခြင်းဖြစ်သည်။သံစဉ်လည်း မာန်တက်ချင်သွားသည် အချေမမက လူအများရှေ့မှာမို့ ဂရုစိုက်နေသည်လားမသဲကွဲပေ။
"မ ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ မအားဖုးမလား"
မနေ့ကဆက်က ဖုန်းဆက်မေးတော့ မအားဖူးလို့ပြောပြီး ဒီနေ့ရောက်လာတာကြောင့်မေးလိုက်ခြင်းဖြစ်သည်။
"ဂျူတီချိန်းလိုက်တာလေ ဘာလို့လဲ လာတာမကြိုက်ဖူးလား"
သံစဉ် မျက်လုံးပြူးသွားရသည်။ဘာလို့ဆို အစ်မတိမ်လွှာက မကျေနပ်သလို ပြောဆိုပြီး နှုတ်ခမ်းကိုဆူထားတာကြောင့်ဖြစ်သည်။
![](https://img.wattpad.com/cover/372412369-288-k369186.jpg)
YOU ARE READING
အောင်သွယ်တော် အဖိုး(Completed)
Ficción Generalအဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....