Unicode
"မရေ ဘယ်မှာလဲ"
ဒီနေ့ တနင်္ဂနေ့ဖြစ်ပြီး ဂျူတီနားရက်အပြင် သံစဉ် တစ်ယောက်ကျောင်းပိတ်ရက်ဖြစ်တာကြောင့် မိဘအိမ်သွားလည်ဖို့ ပြင်ဆင်နေပြီး အပေါ်ထပ်ကနေ ရိုးရိုးဆင်းမနေဘဲ အော်ဟစ်ဆင်းလာတဲ့သူက သံစဉ်ဖြစ်နေလေသည်။
"ဧည့်ခန်းထဲမှာ ကလေး"
"အော် မ ဘာလုပ်နေတာလဲ ပြီးပြီလေ သွားမယ်"
"ဟုတ်ကဲ့ပါရှင့်"
နှစ်ယောက်သား ကအခုထိ အချစ်ဆိုတဲ့အရာကို မဖော်ပြသေးပေမဲ့ ရင်ထဲမှာရှိတဲ့ အချစ်ကြောင့် သူစိမ်းဆန်မနေဘဲ နွေးထွေးနေပြီး တစ်ဘ၀လုံး ခိုင်မြဲသည့်လက်တွဲဖြစ်မည်။
ပျော်နေတဲ့ကလေးကြောင့် တိမ်လွှာတစ်ယောက် ခံစားချက်မကောင်းပေ။အကြောင်းကတော့ မနေ့က ဆေးခန်းထဲသို့လာသွားသည့် မျိုးဦးဇော်ဆိုတဲ့သူကြောင့်ဖြစ်သည်။
Flash back!!!
"Doctor ဧည့်သည်တစ်ယောက်က တွေ့ချင်လို့တဲ့"
"၀င်ခိုင်းလိုက်ပါ"
"မတိမ်လွှာ"
"ရှင် ဘာလာလုပ်တာလဲ!!"
"အိုဟို ဘာလို့ဒေါသထွက်နေတာလဲ ဆေးခန်းလာတဲ့ လူနာတစ်ယောက်ကို အဲလိုဆက်ဆံတက်လား"
"အဲဆို ဘာကိစ္စလဲပြော မြန်မြန်"
"မတိမ်လွှာ လက်ထပ်ထားတဲ့ ကလေးမလေးက ငယ်ငယ်လေးနော် ချောလည်းချောတာမို့ ဒီအိမ်ထောင်ရေး မြဲပါ့မလား စေတနာနဲ့အကြံပေးချင်တာပါ"
"......."
"နောက်မှ အရှက်ကွဲဖြစ်မယ်နော် မတိမ်လွှာ ကျွန်တော်ကတော့ မတိမ်လွှာကို စောင့်နေဆဲပါမို့ သူနဲ့လက်ထပ်ထားတာကလည်း တရား၀င်မဟုတ်မို့ သစ္စာရှိမယ့် ကျွန်တော်ဆီ လာခဲ့ပါ"
"ဘာ!! ရှင် တောက်!!! ဒီအခန်းက ထွက်သားစမ်း!!!!"
"အိုးဟိုး စိတ်လေးလျော့ပါ မတိမ်လွှာ ကျွန်တော်က စေတနာနဲ့အကြံပြုတာပါ စဉ်းစားလိုက်ပါအူံး ကျွန်တော်ကို ခွင့်ပြုပါ"
"တောက်!!!!"
Flash back end!!!
မျိုးဦးဇော် ပြောတာကိုဘဲ နားထောင်ကြားယောင်မိနေတယ်။ဒီကမလေး ငါထက် အသက် ငယ်ကလေးမလေး ငယ်ရွယ်တဲ့ လူငယ်သဘာ၀ ပျော်ရွှင်မှု မဖြတ်သန်းရဘဲ အိမ်ထောင်သည်ဘ၀ဖြစ်သွားပြီ လက်ထပ်ရတာက မိန်းကလေးဖြစ်နေသည့်အတွက် သူများ နောင်တရနေမလား။
![](https://img.wattpad.com/cover/372412369-288-k369186.jpg)
YOU ARE READING
အောင်သွယ်တော် အဖိုး(Completed)
General Fictionအဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....