Unicode
"လာပါပြီ မရဲ့ ကလေးကို အဲလောက်တောင် လွမ်းနေတာလား"
"မဟုတ်ပါဖူး...ကလေးရဲ့ တစ်ယောက်တည်းနေရတာ ပျင်းလို့ပါ"
"အဲတော့ ဘာလုပ်ချင်လဲ အပြင်ထွက်လည်မလား"
"ဟင့်အင်း"
"UNO ဆော့မလား ကလေးသူငယ်ချင်းတွေ ဘောလုံးပွဲကပြီးလောက်ပြီ သူတို့ကိုခေါ်ပြီး ကစားမယ်လေ"
"ကလေးသဘော"
သံစဉ်ချိုလည်း သူငယ်ချင်းတွေကို ဖုန်းဆက်ခေါ်လိုက်ပြီး အခန်းထဲမှာ uno ကစားဖို့ပြင်နေပြီး တစ်နာရီကြာတော့ သူငယ်ချင်းတစ်သိုက် ရောက်ချလာတယ်။
"UNO!!"
"+4 သဇင် ဆွဲလိုက်ပါ
"ငါဆီမှာလည်းပါတယ် +4 ဆုမြတ်ရေ 8ကဒ်ဆွဲလိုက်ပါအုံး"
"ဆွဲစရာလား +4 ပါတယ် အစ်မတိမ်လွှာမိုးရေ ပါလားဝေ့"
"ပါတာပေါ့ +4 ကလေးရေ 16 ကဒ်ဆွဲလိုက်ပါ"
"အား!!! ညစ်ပတ်ကြတာ မဆော့တော့ဖူး ဟင့်"
ငါးယောက်သား uno ကစားနေကြာတာဖြစ်ပြီး သံစဉ် ကို ဝိုင်းပြီး +4 နဲ့ မနိုင်အောင်တမင်လုပ်နေခြင်းဖြစ်သည်။
"ဆွေ ဇော်မင်းတစ်ယောက် ပျောက်ချက်သားကောင်းနေပါ့လား ငါ့မဂ်လာဆောင်လည်းမလာဖူး ဘယ်သွားနေတာလဲ"
"အဲကောင် ဒီမှာမရှိဖူးဟ ထိုင်းမှာဆိုလားဘဲ သူအဖေက ခေါ်လို့ပါသွားတာလေ တစ်လလောက်ကြာမယ်ပြောတာဘဲ"
"ဒေါက် ဒေါက် သမီးတိမ်လွှာ သမီးသူငယ်ချင်းတဲ့ အောက်မှာရောက်နေတယ်"
အခန်းထဲမှာကစားနေရင်း အမေက အစ်မတိမ်လွှာ သူငယ်ချင်းလာလည်တာကြောင့်လာခေါ်တာဖြစ်ပြီး ကစားပွဲလည်းပျက်ပြီး ဧည့်ခန်းသို့ ဆင်းလာခဲ့သည်။
"နွယ်!!!"
အစ်မတိမ်လွှာမိုးက သူ့သူငယ်ချင်းဆိုတဲ့ကို ပြေးဖက်ပြီး နှုတ်ဆက်လိုက်ပေမဲ့ တိမ်လွှာတို့ သူငယ်ချင်းအုပ်စုကတော့ စောနက ပျော်ရွှင်နေတဲ့ မျက်နှာထားမဟုတ်တော့ဖူး တင်းမာနေသည်။
"နွယ် သူက သံစဉ်ချိုတဲ့ ငါ ဇနီးပေါ့ ကလေး သူကအစ်မတို့နဲ့ မေဂျာအတူတူတက်ခဲ့တဲ့သူငယ်ချင်းပေါ့ နာမည်က....."

YOU ARE READING
အောင်သွယ်တော် အဖိုး(Completed)
Ficción Generalအဖိုး လက်ထပ်ပေးခဲ့တဲ့ အိမ်ထောင်ရေးက တည်မြဲပါ့မလား ဂျစ်ကန်ကန် ကောင်မလေးနဲ့ ဆရာ၀န်မမတို့ရဲ့ အလွဲများစွာ....