"ဟိုလူကဘာတုန်းဟ"
Dokyeomအမေးကြောင့်ဆိုင်ရှေ့ကလူကိုလှမ်းကြည့်မိတော့။
'ဘေးအခန်းကလူပဲ သူဝင်မလာသေးပဲဘာလုပ်နေပါလိမ့်' Mingyuဆိုင်ရှေ့ကဝင်မလာသေးပဲဆိုင်ကိုသေချာကြည့်နေတဲ့လူကိုတွေတွေလေးငေးနေမိသည်။ ဖြောင့်စင်းနေတဲ့နှာတံပေါ်မှာအလိုက်သင့်လေးတင်ထားတဲ့မျက်မှန်လေး။တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းပါးလေးတွေကလဲမျက်နှာပေါ်မှာအချိုးကျစွာနေရာယူနေသည်။ဖီးသပ်ထားတဲ့ဆံပင်တွေကလဲcharismaအပြည့်နဲ့မျက်နှာကိုပိုလို့တောင်အရှိန်အဝါတိုးစေသလို။ဝတ်ထားတဲ့shirtလက်ရှည်နဲ့style pantsကြောင့်ပခုံးကျယ်ကျယ်နဲ့ခါးသွယ်သွယ်ကလဲအတော်ကိုဆွဲဆောင်မှုရှိနေသည်။ ခဏအကြာဆိုင်ထဲဝင်လာတော့orderချပေးရင်းကိုယ့်ကိုယ်ကိုမိတ်ဆက်မိသည်။စကားနည်းပေမယ့်လူမှုရေးရှိသည့်ပုံပေါ်သည်။တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းကတော့နည်းနည်းလေးတောင်တွန့်ချိုးသွားခြင်းမရှိပေ။ခေါင်းတငြိမ့်ငြိမ့်နဲ့သာတုံ့ပြန်သူကိုကြည့်ပြီးMingyuစိတ်ထဲကအသဲယားရသည်။ ဆိုင်ထဲကကပြာကယာထွက်သွားပုံကလဲစတွေ့တွေ့ချင်းနေ့ကပုံစံလေးအတိုင်းပင်။"Wonwooမင်းဘာနဲ့ပြန်မှာလဲ"
"busနဲ့"
"ဘာလို့လဲ"
"ငါ့ဘာငါbusနဲ့ပြန်တာဘာလို့ရအုံးမှာတုန်းဟ"
"ငါမင်းကားနဲ့လမ်းကြုံလိုက်မလို့လေ"
"စိတ်မကောင်းဘူးသူငယ်ချင်းရယ်"
"မကောင်းတဲ့ကောင်"
သူလမ်းကြုံလိုက်မယ့်နေ့မှကားထဲခဲ့တဲ့သူကိုKwonSoonyoungတစ်ယောက်အကြည့်နဲ့မေတ္တာတွေပို့နေသည်။
"ငါသွားပြီ
သွားပြီနော်Seungcheol hyung""studioလားအိမ်လားWonwoo"
"ဒီနေ့တော့အိမ်ပဲ
Hyungလူကအလုပ်မရှိပဲstudioလာရင်တအားပွါးတာhyungရ""Jeonghannieကဘာတွေပြောလို့တုန်းမင်းကို"
"ထုံးစံအတိုင်းပေါ့ဗျာ
ကျွန်တော်သွားတော့မယ် ဝက်သားကတ်သလစ်ဝင်ဝယ်ချင်လို့လမ်းမှာ""သွားသွား"
Companyကအပြန်ညစာဝင်ဝယ်ပြီးတော်တော်ကြာမှနားရက်ရသဖြင့်အူမြူးနေသည်။ ဒီလိုအချိန်ကိုဂရုမစိုက်ပဲလမ်းမပေါ်လမ်းမလျှောက်ဖြစ်တာလဲကြာပြီဖြစ်သဖြင့်လမ်းကိုဖြေးဖြေးချင်းသာလျှောက်နေမိသည်။ ညနေနေဝင်ချိန်ဖြစ်သဖြင့်ကောင်းကင်ကြီးလဲပန်းရောင်သန်းကာတိုက်လာတဲ့လေကိုလဲတဝကြီးရှူနေမိသည်။ condonရှေ့ကခြုံပုတ်လေးနဲ့ကွယ်ကာလမ်းမဘက်ကိုလှည့်ထိုင်နေတဲ့မီးခိုးရောင်ကြောင်လေးကိုတွေ့တော့ Wonwooတစ်ယောက်အနားသွားကာ အိတ်ကပ်ထဲကကြက်အူချောင်းကိုဖောက်ပြီးကျွေးမိသည်။သကောင့်သားကချေသည်။သူကခခယယကျွေးနေပေမယ့်လဲမစား။တစ်ချက်မျှအနံ့ခံကာကစားကွင်းဘက်သို့ထွက်သွားလေသည်။ "အောင်မာ မင်းကများရာရာစစ" တိုးတိုးလေးအံကြိတ်ပြောလိုက်ပေမယ့် ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပေမယ့်အနီးနားတစ်ဝိုက်ကလူတွေတော့ကောင်းကောင်းကြားနိုင်သည်။ Wonwooလဲကြောင်လေးထွက်သွားသည်နဲ့အပေါ်တက်လာလိုက်သည်။ သူမသိလိုက်တာကတော့ထိုမြင်ကွင်းကိုအမှိုက်ထုပ်ကြီးကိုင်၍အစအဆုံးကြည့်ကာတပြုံးပြုံးလုပ်နေသည့်တစ်ယောက်သူကမလှမ်းမကမ်းမှာရှိနေခဲ့သည်ဆိုတာကိုပင်။
YOU ARE READING
Love Comforting Embrace
Fanfiction"တစ်ခါတစ်ခါကျလောဘတက်မိတယ်" "ဘာကိုလဲ" "Hyungလက်ကိုဘယ်တော့မှမလွှတ်ချင်လို့" "အခုလဲကိုင်ထားတာပဲလေ" "အာဒီလူကလဲ ထူလိုက်တာ" -minwon- "ChoiSeungcheolငါ့ကိုတကယ်ချစ်တာရောဟုတ်ရဲ့လား" "မင်းနားမှာအမြဲရှိနေတဲ့သူကိုမယုံသင်္ကာနဲ့ဘယ်နှစ်ခါမေးခွန်းထုတ်နေမှာတုန်း" -j...