Part-5

266 40 2
                                    


ပြောချင်ရာပြောပြီးသုတ်ချေတင်ကာမိုးရေထဲလမ်းကိုသွက်သွက်ပြေးလျှောက်သွားတဲ့လူကို
အနောက်ကနေMingyuတစ်ယောက်ကြောင်ကြည့်နေမိသည်။ပြီးတော့မှဆိုလိုရင်းကိုနားလည်ကာ
ကြည်နူးရိပ်လေးသန်းလာပြီးအနောက်ကနေပြေးလိုက်ကာ-

"Hyungညနေစာမစားရသေးဘူးမလား
အတူတူစားမလား?
ကျွန်တော်တို့ဘာစားကြမလဲ? Tongkasu?သိုးသားတုတ်ထိုး?မဟုတ်ရင်Steak? အာ မိုးအေးအေးနဲ့Ramenစားကြမလား?ဟင် hyung?"

အနောက်ကနေထီးကိုလှုပ်ကာသူစားချင်တာတွေအကုန်မိုးရေထဲအသံကျယ်ကျယ်နဲ့လှမ်းအော်ရင်းမေးနေတဲ့သူကြောင့်Wonwooပြုံးမိသည်။

"မင်းကတော့အစားအသောက်ဆိုတာနဲ့ဘာလို့အဲ့လောက်တက်ကြွနေရတာတုန်း
မိုးရေထဲချော်လဲမယ်သေချာလျှောက်"

"Nae Hyungnim"

WonwooပြောကာမှMingyuတစ်ယောက်ခြေချော်လဲပေတော့သည်။
"KimMingyu!"

"အားး နာလိုက်တာ"

"အဲ့တာကြောင့်သေချာလျှောက်ပါလို့ပြောနေတာကို အခုကြည့်မင်းကိုထူတာနဲ့ငါပါအကုန်ရွှဲနေပြီ"

"ayyyyy ဘာမှမဖြစ်ပါဘူးhyungကလဲ မဖျားနိုင်ပါဘူး ဒီတိုင်းမဆောင်းပဲသွားရအောင်"

"ရှိနေတဲ့ထီးကိုမဆောင်းပဲဘာကိစ္စသွားရမှာတုန်း မလုပ်ချင်ပါဘူး မင်းဘာသာတစ်ယောက်ထဲ..yaa"

Mingyuတစ်ယောက်ပွစိပွစိလုပ်နေတဲ့လူကြီးပေါက်စလက်ကိုဆွဲကာမိုးရေထဲတစ်ဟုန်ထိုးပြေးလေ
သည်။အနောက်ကတစ်ရွတ်တိုက်ပါလာတဲ့လူကတော့တစ်လမ်းလုံးအနောက်ကနေMingyuကိုကျိန်ဆဲနေလေသည်။တားမရတဲ့အဆုံးတော့နှစ်ယောက်သားတူတူချော်လဲမည်စိုး၍အရှိန်ကိုသာထိန်းရန်သတိလှမ်းပေးလေသည်။

"ဟိတ်ကောင် မပြေးနဲ့နှစ်ယောက်စလုံးချော်လဲနေရင်မလွယ်ဘူး"

Condoရောက်တော့WonwooကMingyuကိုမျက်စောင်းထိုးကာအင်္ကျီအဖျားတွေကိုရေညှစ်နေလေ
သည်။Mingyuကတော့လုပ်ချင်ရာလုပ်ရ၍စပ်ဖြဲဖြဲနဲ့Wonwooကိုမျက်နှာချိုသွေးနေသည်။
နှစ်ယောက်သားရေချိုးအင်္ကျီလဲပြီးMingyuအခန်းမှာပဲအလွယ်တကူခေါက်ဆွဲပြုတ်စားကြလေသည်။

Love Comforting Embrace Where stories live. Discover now