Part-11

229 35 0
                                    

Mingyuတစ်ယောက်ဆန်ပြုတ်ကိုတစ်ပန်းကန်လုံးပြောင်နေအောင်မော့သောက်ကာ ပေနေတဲ့နှုတ်ခမ်းကိုသုပ်ပြီးစားပွဲကမထပဲထိုင်နေလေသည်။
မျက်နှာမှာလဲအပြုံးတွေနဲ့ ပြောင်ရှင်းနေတဲ့ဆန်ပြုတ်ပန်းကန်ကိုကြည့်ကာအတွေးတွေကမနေ့ညဆီပြန်ရောက်သွားသည်။

Ding Dong! Ding Dong! Ding Dong!

"KimMingyu တံခါးမဖွင့်ဘူးလား
ဟိတ်ကောင် တံခါးလာဖွင့်လို့
'ဒီဟာလေးအထဲမှာမူးလဲနေတာတော့မဟုတ်လောက်ပါဘူးနော်
တံခါးဖျက်ဝင်သွားရမလား'

"Hyung?"

"မင်းတံခါးလာမဖွင့်ပဲဘာလုပ်နေတာလဲ"

"ကျွန်တော်အိပ်ပျော်.."

"ဆေးသောက်ထားလား အပူရောတိုင်းထားလား
ဘယ်လောက်တဲ့လဲ အခုရောသက်သာလား"

"ဗျာ"

"အပူချိန်ဘယ်လောက်ရှိလဲလို့အခု"

"3 38"
"တကယ်ကြီးဖျားနေပြီပဲ"

"ဒါနဲ့Hyungဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

"ငါ့ကိုDokyeomဖုန်းဆက်တာ"

"အာ"

"ဆေးသောက်ထားလား"

"ဟင့်အင်း ခေါင်းတွေလေးပြီးအိပ်ချင်လာတာနဲ့"

"ဒီဟာလေးကတော့အဖျားရှိနေတာကိုချက်ချင်းဆေးသောက်ဖို့မလုပ်ပဲအိပ်နေရလား
ငါခေါက်ဆွဲပြုတ်ပေးမယ် ဆေးသောက်လိုက်"

ပြောပြောဆိုဆိုနဲ့ရေနွေးစတည်ရင်းMingyuကိုလဲလှမ်းပြောလိုက်သေးသည်။

"အဲ့မှာဘာရပ်လုပ်နေတာလဲ ထိုင်နေလေ အိပ်ချင်နေသေးရင်လဲအိပ်နေ
ငါပြီးရင်နှိုးမယ်"

သူ့ကိုမျက်လုံးလေးပြူးကာခေါင်းငြိမ့်ပြတဲ့ဟာလေးကိုWonwooတစ်ယောက်ကြိတ်အသဲယားနေလေသည်။ Mingyuကလဲမအိပ်ပဲထိုင်နေကာWonwooလုပ်သမျှကို Sofaပေါ်ကနေခေါင်းအုံးလေးပိုက်ကာတစ်ခုချင်းစီလိုက်ငေးနေသည်။ ခဏကြာတော့Wonwooက-

"ဒီမှာလာထိုင်
ဆေးရှိတယ်မလား ယူခဲ့"

အကုန်လုံးကိုညွှန်ကြားပြီးစီမံနေတဲ့လူကိုကြည့်ရင်းMingyuတစ်ယောက်အိမ်ခေါ်ထားချင်စိတ်တဖွားဖွားပေါက်နေသည်။
'ဒါနဲ့ဒါဘယ်လိုဆက်ဆံရေးမျိုးပါလိမ့်' သူ့ဘာသူတွေးရင်းသူ့ဘာသူပြုံးကာဆေးကဒ်လေးကိုင်ပြီးစားပွဲနားလျှောက်လာလေသည်။

Love Comforting Embrace Where stories live. Discover now