Part-13

261 36 0
                                    

အမြဲတွေ့နေကျအတိုင်းထမင်းအတူတူစားတာအပြင်တူတူထွက်တာမျိုးမဟုတ်ပဲDateဆိုတဲ့ခေါင်းစဉ်လေးကြောင့် နှစ်ယောက်သားဝီရိယရှိရှိအကြိတ်အနယ်ပြင်ဆင်နေကြလေသည်။ အရင်စောပြီးတဲ့Wonwooကတော့Condoအောက်မှာအသင့်ရပ်ထားတဲ့သူ့ကားကိုမှီကာစောင့်နေလေသည်။ ခဏကြာတော့အကျအနဝတ်စားထားတဲ့Mingyuလဲအပြေးအလွှားဆင်းလာလေသည်။ ဆင်းလာလာချင်းကားကိုမှီကာအကျအနရပ်နေတဲ့သူကြောင့်ခြေလှမ်းတွေကဆက်မသွားပဲနေရာတွင်သာရပ်နေလေသည်။ သပ်တင်ထားတဲ့ဆံပင်တွေကြောင့်ရှင်းရှင်းလင်းလင်းမြင်နေရတဲ့နဖူးပြင်နဲ့ ဖြောင့်တန်းနေတဲ့နှာတံကရူးချင်စရာ။ ခါးပတ်ပတ်ထားတဲ့ခါးတို့ဟာလဲအဆီပိုမရှိချပ်ကပ်နေသလို long coatဝတ်ထားတဲ့ပခုံးကျယ်ကျယ်ကလဲအားကိုးချင်စရာအတိပေ။ 'စိတ်ရှိတိုင်းသာဆိုပြေးဖက်တယ်'

"ထွက်လာသေးသားပဲ"
နေရာတွင်ကြက်သေသေနေတဲ့MingyuကိုWonwooလှမ်းပြောကာမှအသိစိတ်ပြန်ကပ်လေသည်။

"သွားကြမလားHyung"

"သွားသင့်တာကြာပြီ"

"ဒီနေ့ကျွန်တော်ကားမောင်းပေးမယ်လေ"

"ရတယ်ငါပဲမောင်းမယ်"

"ဘာလို့လဲ"

"သူများမောင်းတာလိုက်စီးရတာသက်တောင့်သက်သာမရှိလို့"

'အခုထိသူများလားငါက'
"အဲ့တာဆိုလဲအပင်ပန်းခံလိုက်အုံးပေါ့
Hyungဘယ်နေရာလဲသိတယ်မလား"

"Omm"

"ဒါဆိုသွားကြတာပေါ့"

Wonwooတစ်ယောက်ကားမောင်းနေရင်းဘေးမှာပါလာတဲ့ဟာလေးကိုတစ်ချက်တစ်ချက်အလစ်ခိုးငေးကာအသဲယားနေသည်။ ခါတိုင်းလိုအရှေ့ချထားတဲ့ဆံပင်လေးတွေကလျှော်ထားကာစမလို့လားတော့မသိ စုတ်ဖွားလေးဖြစ်ကာလုံးနေသည်။ သူဝတ်သလိုLong coatမဟုတ်ပဲသူ့ပုံစံနဲ့သူဝတ်ထားတဲ့အပေါ်ထပ်အင်္ကျီအထူထဲမှာနစ်ကာ 6'2"ဆိုတဲ့အရပ်ပင်ပျောက်လို့နေလေသည်။
'ဒီလိုကျတော့ယောင်္ကျားပီသတဲ့Mingyuကတစ်ရေးအိပ်နေသလိုလို'
နှစ်ယောက်သားသွားမယ့်နေရာရွေးတာအတော်ကြာသွားလေသည်။ အကြောင်းအရင်းကတော့တစ်ခြားမဟုတ် အနီးအနားကဆိုင်တော်တော်များများကိုMingyuကျေးဇူးနဲ့သူခေါ်တိုင်းလိုက်ဖူးသဖြင့်မရောက်ဖူးတဲ့နေရာဟူ၍မရှိသလောက်ကိုဖြစ်နေလေသည်။ အစားအသောက်ဆိုလျှင် ဟိုးးဂျောင်ဂျိုဂျောင်ကြားBarကထမင်းကြော်အထိပါနှံနှံစပ်စပ်လိုက်စားတတ်တဲ့ဟာလေးကြောင့်အခုတလောသူနဲ့ပေါင်းကာ ဘာစားစာစးမဝတဲ့Wonwooတစ်ယောက်ဝိတ်ပင်တက်လာသည်။ နောက်ဆုံးသွားဖို့ရွေးဖြစ်သွားတဲ့နေရာလေးကတော့ပန်းချီstudioနဲ့အပေါ်ထပ်အောက်ထပ်တွဲဖွင့်ထားတဲ့မြို့စွံနားကစားသောက်ဆိုင်လေးဖြစ်သည်။ ဆိုင်လေးကနာမည်ကြီးပေမယ့်လာတဲ့ကျဲတာကြောင့်အေးအေးဆေးဆေးစကားပြောလို့ကောင်းတဲ့နေရာလေးဖြစ်သလို ဖွင့်ထားတာကလဲအပင်တွေစိမ်းပြီးစိုနေတဲ့ခြံကြီးဖြင့်ထိုင်လို့လဲအင်မတန်ကောင်းသည်။

Love Comforting Embrace Where stories live. Discover now