Part-3

272 38 0
                                    

"Hyung!?"

"Mingyu?!"

"အသိလား"

"မင်းဘယ်လိုလုပ်ပြီးရောက်လာတာတုန်း"

"ကျွန်တော်ပြောထားသားပဲလာပါမယ်လို့"

"Wonwooရဲ့အသိထင်တယ် ထိုင်ပါအုံး"
Wonwooအံ့ဩမဆုံးခင်Jeonghanကထိုင်ရာကထပြီးဧည့်ခံလေသည်။

"အာဟုတ်ကဲ့ KimMingyuပါ တွေ့ရတာဝမ်းသာပါတယ် Wonwoo hyungဘေးအခန်းကပါ
ဒီမှာအကိုတို့အတွက်ကျွန်တော့်ဆိုင်ကကော်ဖီနဲ့မုန့်လေးတွေပါ"

"အော်Wonwooဘေးအခန်းကကိုးး အားနာစရာတွေတော့ဖြစ်ကုန်ပြီ ကျွန်တော်တို့ကဧည့်ခံရမှာကို"
"မဟုတ်တာ ကျွန်တော်ကလာလည်တာပဲ"

"Wonwoo hyungလို့ခေါ်နေပုံထောက်ရင်တော့Wonwooထက်ငယ်တဲ့ပုံပဲ ကျွန်တော်ကYoonJeonghanပါ 93born သူကCheolSeungcheolကျွန်တော်နဲ့ရွယ်တူ သူကတော့LeeChan Wonwooရဲ့တစ်ဦးတည်းသောလက်ထောက်လေး"

"ဟုတ်ကဲ့LeeChanပါ တွေ့ရတာဝမ်းသာပါတယ်"

"ဟုတ်ကဲ့ဝမ်းသာပါတယ်"

"သက်တောင့်သက်သာနေနော်Mingyu ဒီနေ့ကshootingမရှိဘူး စိတ်ကြိုက်နေပြီးမှပြန်"

"အာဟုတ်ကဲ့hyung"

ဒီသက်တောင့်သက်သာဖြစ်နေတဲ့လေထုကဘာပါလိမ့်။ငါမပါပဲသူတို့ချည်းပဲလဲကောင်းကောင်းမိတ်
ဆက်ပြီးအဆင်ပြေနေတာပဲဟ။ KimMingyu ဒီဟာလေး ကြိုက်သလိုသာလုပ်လို့ပြောတာကိုတကယ်လိုက်လာတယ် မနိုင်ဘူး။
"အဟမ်း အဟမ်း"

ရုတ်တရက်ကြီးချောင်းထဟန့်တဲ့Wonwooကိုအကုန်လုံးကဝိုင်း၍ကြောင်ကြည့်နေကြသည်။ JeonghanကWonwooဘက်လှည့်ပြီး-
"JeonWonwooဘာလဲ ငါတို့ကလွဲပြီးရင်းနှီးတဲ့သူရှိနေတာလား ဘယ်အချိန်ထဲကလဲ"

"မကြာသေးပါဘူးhyungကလဲ တစ်ပတ်ဆယ်ရက်လောက်ပဲရှိသေးတယ်"

"တစ်ပတ်ဆယ်ရက်? သူ့ပုံစံနဲ့ဆိုအလုပ်တူတူလုပ်လာတဲ့သူတွေနဲ့တောင်လွယ်လွယ်မရင်းနှီးတာကိုလေ?"
SeungcheolအပြောကိုWonwooကမျက်စောင်းလှန်းထိုးကာ Mingyuကတော့ရီနေလေသည်။
WonwooကMingyuရဲ့ကော်ဖီဆိုင်အကြောင်းအကုန်လုံးကိုပြောပြကာ Jeonghanတို့လဲMingyuယူလာတဲ့မုန့်တွေနဲ့ပွဲကျနေသည်။ခဏလေးအတွင်းမှာပဲMingyuရဲ့ပွင့်လင်းပြီးဖော်ရွေတဲ့Personalityကြောင့်အကုန်လုံးနဲ့ရင်းနှီးသွားသည်။Wonwooကတော့အကုန်လုံးနဲ့ရီမောကာပွဲကျနေတဲ့Mingyuကို ခပ်လှမ်းလှမ်းကပဲငေးကြည့်ပြီးပြုံးမိသည်။
အချိန်အားဖြင့်အကုန်လုံးstudioပိတ်ချိန်ရောက်လာပြီးအသီးသီးနှုတ်ဆက်ပြီးအိမ်ပြန်ကြရာ
Mingyuက-
"Hyungလမ်းလျှောက်ပြန်မှာလား"

Love Comforting Embrace Where stories live. Discover now