သူနဲ့အတူတူဂိမ်းထိုင်ဆော့ပေးမည်ဟုဆိုကာသူစဆော့ထဲကဘေးကနေထိုင်ရာကမထဂိမ်းထဲအာရုံစိုက်ပြီးအားကြိုးမာန်တက်ဆော့ပေးနေတဲ့Mingyuကိုကျေးဇူးလဲတင်သလိုချစ်လဲချစ်ရပေမယ့် သကောင့်သားပါထဲကတစ်ပွဲမှနိုင်မနေသည်ကိုစဉ်းစားလိုက်လျှင် ဘာစိတ်နဲ့ဖြေရမလဲကိုတွေး၍ရမနေ။ ကိုယ့်ကြောင့်ရှူံးသည်ထက်သူများနဲ့တွဲဆော့လို့ရှူံးသည်ကိုမခံနိုင်တာမလို့ ရင်းနှီးတဲ့Cheolတို့နဲ့ကလွဲရင် ချေးများပြီးဘယ်သူနဲ့မှတွဲမဆော့တဲ့သူက ရည်းစားဖြစ်သူနဲ့တွေ့မှအချီချည်းပဲလှိမ့်ရှူံးနေသဖြင့် ဘေးကသေချာကြည့်လျှင်ပင်ခေါင်းမှာအငွေ့တွေတက်နေသည်ကိုမြင်နိုင်သည်။
"Hyungလာခေါ်အုံးလို့"
"ဘယ်အထပ်မှာလဲ"
"အခုလား ပထမထပ်ထင်တယ်"
"ပထမထပ်ဆိုခုန်ချလို့ရတယ် ပြတင်းပေါက်ကနေခုန်ချခဲ့"
ပြောတဲ့အတိုင်းပြတင်းပေါက်နားသွားကာခုန်ချလိုက်ပေမယ့်လည်း ပထမထပ်မဟုတ်တဲ့တတိယထပ်ကိုရောက်နေသဖြင့် လက်နှစ်လုံးသာသာလောက်ရှိနေတဲ့သွေးလဲကုန်ကာနေရာတွင်သာသေမယ့်အချိန်ကိုထိုင်စောင့်နေရတဲ့သူဖြစ်သွားရှာသည်။ Mingyu knockedသွားတာကိုမြင်လိုက်တဲ့Wonwooကတော့ သက်ပြင်းရှည်ချကာ ပြီးတော့မယ့်gameကိုသာလက်စသတ်ရန်ပြင်တော့သည်။ ကိုယ့်အမှားနဲ့ကိုယ်မလို့ ဘာအသံမှမထွက်ရဲတော့ပဲWonwooလုပ်သမျှကိုသာဘေးကနေငုတ်တုတ်လေးထိုင်ကြည့်နေတဲ့Mingyuကတော့ သူ့ကြောင့်ကျသွားတဲ့rankတွေကိုလက်ချိုးရေရင်း ဘုရားတနေလေသည်။ ပွဲပြီးတော့Wonwooကနားကြပ်ဖြုတ်ရင်းMingyuဘက်ကိုဖြေးဖြေးချင်းလှည့်လာလေသည်။
"တောင်းပန်ပါတယ်"
"မင်းကဘာလို့တောင်းပန်တာတုန်း"
"ကျွန်တော့်ကြောင့်Hyungအကူအညီမရပဲ"
"မဟုတ်တာ တောင်းပန်စရာဘယ်မှာရှိလို့လဲMingyuကလဲ"
"ဒါဆိုစိတ်မဆိုးဘူးပေါ့ကျွန်တော့်ကို"
"အဲ့လိုဆိုတော့လဲလိမ်ရာကျမှာပေါ့"
"ကြည့်ပါလား စိတ်ဆိုးနေတာကြီးကို"
"Mingyu-aa လူဆိုတာကိုယ်တော်တာပဲလုပ်ရင်ရပြီ ကိုယ်နဲ့ကီးမကိုက်တာကိုအရမ်းမကြိုးစားလဲရတယ်"
YOU ARE READING
Love Comforting Embrace
Fanfiction"တစ်ခါတစ်ခါကျလောဘတက်မိတယ်" "ဘာကိုလဲ" "Hyungလက်ကိုဘယ်တော့မှမလွှတ်ချင်လို့" "အခုလဲကိုင်ထားတာပဲလေ" "အာဒီလူကလဲ ထူလိုက်တာ" -minwon- "ChoiSeungcheolငါ့ကိုတကယ်ချစ်တာရောဟုတ်ရဲ့လား" "မင်းနားမှာအမြဲရှိနေတဲ့သူကိုမယုံသင်္ကာနဲ့ဘယ်နှစ်ခါမေးခွန်းထုတ်နေမှာတုန်း" -j...