သူ့အမှားသူစဉ်းစားမရသေးတဲ့Mingyuကတော့ Studioကိုသွားတဲ့လမ်းတစ်လျှောက်Wonwooအနောက်ကနေအပေါ်ထပ်င်္အကျီထဲလက်ထည့်ကာ ခေါင်းတကုတ်ကုတ်နဲ့ပါလာလေသည်။
'အရမ်းအမြန်ကြီးထုတ်ဝတ်ပစ်လိုက်လို့မကြိုက်တာများလား? အဲ့တာလဲမဟုတ်လောက်ဘူးထင်တယ် သေချာပေါက်မဝတ်ဘူးလားလို့မေးခဲ့တာပါ ဒါမှမဟုတ်တကယ်မလိုက်တာလားငါနဲ့?
ဒါလဲမဟုတ်ဘူးထင်တယ် အဲ့နေ့ကဝယ်လာပေးတုန်းကလဲသူကိုယ်တိုင်လိုက်မှာဆိုပြီးလက်မတစ်ထောင်ထောင်နဲ့အာမခံနေတာကို တကယ်ပဲဘယ်ကစမှားသွားတာလဲKimMingyuရေ စဉ်းစားစမ်း စဉ်းစားစမ်း'
'အာ အာ..... မဟုတ်မှ ဒီလူသဝန်တို.."ထိုအချိန်အရှေ့ကလျှောက်သွားတဲ့Wonwooကဘေးကဖျက်သွားသမျှအမျိုးသမီးတွေအကုန်လုံးနီးပါးက သူ့နောက်မှာပါလာတဲ့သူဆီကိုအကြည့်တွေရောက်နေတာကိုသတိထားမိပြီး ခြေလှမ်းတွေကိုရုတ်တရက်ရပ်လိုက်သဖြင့် ခေါင်းငိုက်စိုက်ချရင်းစဉ်းစားနေတဲ့MingyuကWonwooကျောကိုဝင်တိုက်မိလေသည်။ တိုက်မိတဲ့အရှိန်ကြောင့်ကိုယ့်နဖူးကိုယ်ပွတ်ရင်း အရှေ့ကလူကိုမော့ကြည့်လိုက်တော့ သူ့ကိုဘာစကားမှမဆိုပဲ အပေါ်ထပ်ကိုသာအားသုံးပြီးကြယ်သီးတွေလှိမ့်တပ်ပေးနေလေသည်။
"အဲ့လောက်တောင်ပဲကြည့်ရဆိုးနေသလား"
"ဟုတ်တယ် အရမ်း"
မျက်နှာသေကြီးနဲ့အံကြိတ်ပြောရင်းသူ့လမ်းသူဆက်လျှောက်သွားတဲ့Wonwooရဲ့ပုံစံကိုMingyuကတော့စိတ်ဆိုးခံနေရရင်းကြားထဲကသဘောတကျပြုံးနေမိသည်။
Studioရောက်တော့Jeonghanကလက်ထဲမှာfileအပြည့်ပိုက်ရင်း အထဲဝင်လာရင်းအပေါ်ထပ်တွေကိုချွတ်နေတဲ့Mingyuကိုတွေ့လိုက်သဖြင့် နေရာကနေလှမ်းကာ-"ဝိုးးးးး ဒီနေ့ကိုယ်ရောင်ကိုယ်ဝါတွေတောက်နေပါလားMingyu"
Jeonghanစကားဆုံးတာနဲ့ Mingyuကိုမျက်စောင်းထိုးကာ ခေါင်းအစခြေအဆုံးပြန်ကြည့်ရင်း မျက်နှာလွှဲကာသူ့အလုပ်ခန်းထဲဝင်သွားတဲ့Wonwooကြောင့် Mingyuခမျာလှမ်းချီးကျူးတဲ့Jeonghanကိုပင်Mingyuမှာရယ်ပြရမလိုလိုငိုပြရမလိုလိုဖြစ်သွားရရှာသည်။ အခြေအနေကိုအကဲခတ်မိဟန်ပေါ်တဲ့JeonghanကMingyuနားရောက်လာကာမေးခွန်းထုတ်လေတော့သည်။
YOU ARE READING
Love Comforting Embrace
Fanfiction"တစ်ခါတစ်ခါကျလောဘတက်မိတယ်" "ဘာကိုလဲ" "Hyungလက်ကိုဘယ်တော့မှမလွှတ်ချင်လို့" "အခုလဲကိုင်ထားတာပဲလေ" "အာဒီလူကလဲ ထူလိုက်တာ" -minwon- "ChoiSeungcheolငါ့ကိုတကယ်ချစ်တာရောဟုတ်ရဲ့လား" "မင်းနားမှာအမြဲရှိနေတဲ့သူကိုမယုံသင်္ကာနဲ့ဘယ်နှစ်ခါမေးခွန်းထုတ်နေမှာတုန်း" -j...