Part-17

260 35 0
                                    

နိုးနိုးချင်းမြင်လိုက်ရတဲ့မျက်ခုံးထူထူနဲ့နှုတ်ခမ်းဆူကာအိပ်မောကျနေတဲ့လူကိုကြည့်ပြီး
Jeonghanပြုံးမိသည်။

"အိမ်မက်ထဲမှာဘယ်သူ့ကိုစိတ်သွားကောက်နေလို့ဒီနှုတ်ခမ်းကဆူထားတာတုန်း"

ဖက်ထားတဲ့လူကနိုးကာခေါင်းထောင်လာပြီးစကားများနေတာကြောင့် Cheolလဲသူ့အသံနဲ့အတူနိုးလာလေသည်။

"နိုးနေပြီလား"

"နိုးနေပြီပေါ့
အလုပ်မသွားဘူးလား"

"အလုပ်လား
သွားရအုံးမှာလား"

"သွားရမှာပေါ့ CEOကြီးရဲ့
ဒီနေ့ပိတ်ရက်လဲမဟုတ်မပဲနဲ့"

"အာ... မသွားချင်ဘူး
ဒီတိုင်းဒီလိုပဲဆက်နေလို့မရဘူးလား"

"မင်းအလုပ်မလုပ်တော့ဘူးလား
ဘယ်CEOကဒီလောက်အားနေလို့တုန်း
မြင်တောင်မမြင်ဖူးဘူးဒီလိုCEOမျိုး"

"ဒီတိုင်းမင်းနားမှာပဲနေရင်းမင်းကိုဂရုစိုက်ရင်းပဲအသက်ကြီးချင်တာ
အလုပ်လုပ်ပြီးငွေနောက်လိုက်ရင်းအသက်မကြီးချင်ဘူး"

"အပိုတွေ ဒါမင်းအလုပ်ပါးလို့ပြောတဲ့စကားပါ
အလုပ်လေးများများနေလို့ကတော့ dateထားတာလဲဖျက်တယ် ဖုန်းလဲဆက်ပိတ်တယ် စာလဲမပြန်ဘူး မျက်နှာလဲလာမပြဘူး ဟိုတစ်ခါတုန်းကဆို၂ပတ်နီးပါးအဆက်အသွယ်မရတာ
ငါလူပျောက်တောင်တိုင်တော့မလို့"

"အဲ့တာကတော့ကိုယ်တို့ရှေ့ရေးအတွက်အခြေခိုင်အောင်လုပ်နေရလို့ပါ နောက်ပြီးကိုယ်ကမင်းအသံကြားတာနဲ့companyကိုကျီးထိုးထိုးခွေးစားစားပစ်ထားပြီးမင်းဆီပဲလာချင်နေတာမလို့ companyဒေဝါလီမခံရအောင်ကာကွယ်တဲ့အနေနဲ့ခဏလေးခွဲနေရတာ ဘာအလုပ်မှမလုပ်ရပဲဒီတိုင်းလှဲအိပ်နေရတာကမင်းအိမ််မက်ဆို အဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ဆိုရင်အိမ်မက်နဲ့ကိုက်တဲ့တန်ဖိုးတော့ရှာထားရမှာပေါ့"

"အိမ်မက်ကငါ့ဟာကိုဘာလို့မင်းကအကောင်အထည်ဖော်နေတာတုန်း"

"မင်းအိမ်မက်ကလဲငါ့အိမ်မက်ပဲလေ ငါ့အိမ်မက်ကမင်းမို့လို့"

Love Comforting Embrace Where stories live. Discover now