"Hyung"
"အော"
"..."
"ခေါ်ပြီးဘာလုပ်တာတုန်း"
"Hyungအလုပ်ပြီးလို့အားရင်ကျွန်တော့်ကိုလာကြိုပါလား"
"ဘယ်ကိုလဲ"
"ကျွန်တော်clientနဲ့သွားတွေ့ရမှာ ****ကို"
"ပြီးရင်ဖုန်းဆက်လိုက်လေ"
"တကယ်ကြီးလား"
"ငါနှစ်ခါမပြောဘူးနော်"
"ဝိုးးး JeonWonwooစိတ်ကောင်းဝင်နေတာပဲ
တစ်ခုလောက်ထပ်တောင်းဆိုရမယ် ညစာပါဝယ်ကျွေးပါလားhyung အဲ့နားကဝက်ခြေထောက်
ဆိုင်ကောင်းတယ်တဲ့""မင်းကတော့"
"စောင့်နေမယ်နော်"
'တော်တော်မလွယ်တဲ့ဟာလေး'
Studioရောက်တော့အကြာကြီးနေမှscheduleမရှိသဖြင့်Jeonghanနဲ့Chanအာလူးဖုတ်နေသည်ကိုဦးစွာမြင်ရသည်။ဘေးမှာကတော့သူတို့ပြောသမျှကိုတခွီခွီထိုင်ရီနေတဲ့CEOတောက်တဲ့ အဲ CEO Cheolကsofaပေါ်မှာသူ့အိမ်သူယာလိုထိုင်နေသည်။"အော Wonwoo ရောက်ပြီလား"
"Wonwoo hyungဒီနေ့မျက်နှာကြည်နေပါလား ဘာကောင်းတာရှိခဲ့လို့လဲ"
"Mingyuနဲ့မနက်စာစားခဲ့တာနေမှာပေါ့"ဟူ၍Seungcheolကတိတ်တ်ိတ်ကလေးစကားနာလှမ်းထိုးသည်။JeonghanကSeungcheolကိုမျက်စောင်းလေးထိုးကာမပြောဖို့တားသည်။ Chanကတော့သူတို့နှစ်ယောက်ကိုနားမလည်ဟန်ကြည့်ကာWonwooအဖြေကိုသာစောင့်နေသည်။
"အာဒီတိုင်း ဒီနေ့စားခဲ့တဲ့jigaeကအရသာရှိလို့"
Wonwooအဖြေကြောင့်Jeonghanကမျက်လုံးပြူးမျက်စံပြူးနှင့်Cheolဘက်ကိုလှည့်ကြည့်သော်လည်းCheolကတော့ပခုံးသာတွန့်ပြသည်။
ပုံမှန်ဆိုမနက်စာကိုမက်မက်မောမောမရှိတဲ့အပြင်အရသာမခံပဲအဖြစ်လောက်သာစားလေ့ရှိတဲ့သူဆီကဒီလိုစကားမျိုးကြားရသည်မှာကြက်သိမ်းထစရာ
အမှန်ပေ။"ဝါးးး ကျွန်တော်ပထမဆုံးကြားဖူးတာပဲ
အခုလေးတင်ကြက်သိမ်းထသွားတယ် ကြည့်မလားhyung"
Chanကအမူအရာဖြင့်ထပြောလေသည်။Wonwooကတော့သူတို့ကိုဘာလဲဆိုတဲ့အကြည့်ဖြင့်ကြည့်ကာသူ့နေရာသူသာလျှောက်သွားလေသည်။
နေရာမှာကျန်ခဲ့တဲ့သုံးယောက်ကတော့Wonwooထွက်သွားသည်နှင့်သူတို့စကားဝိုင်းကိုသာဆက်၍ပြောနေကြသည်။ခဏကြာတော့ChanကWonwooခေါ်လို့ထသွားလေသည်။
YOU ARE READING
Love Comforting Embrace
Fanfiction"တစ်ခါတစ်ခါကျလောဘတက်မိတယ်" "ဘာကိုလဲ" "Hyungလက်ကိုဘယ်တော့မှမလွှတ်ချင်လို့" "အခုလဲကိုင်ထားတာပဲလေ" "အာဒီလူကလဲ ထူလိုက်တာ" -minwon- "ChoiSeungcheolငါ့ကိုတကယ်ချစ်တာရောဟုတ်ရဲ့လား" "မင်းနားမှာအမြဲရှိနေတဲ့သူကိုမယုံသင်္ကာနဲ့ဘယ်နှစ်ခါမေးခွန်းထုတ်နေမှာတုန်း" -j...