Mingyuတစ်ယောက်ကြားကြားပြီးချင်းကိုယ့်နားကိုယ်ပင်မယုံနိုင် သေချာပေါက်သူ့ဘက်ကဝမ်းသာရမယ့်စကားဆိုတာမှန်ပေမယ့်မထင်ထားခဲ့တာတော့အမှန်ပေ။Chanပြောပြတဲ့Wonwooတွဲခဲ့ဖူးတဲ့မိန်းမတွေအကြောင်းနဲ့Jeonghan Hyungပြောပြတဲ့Wonwooသွေးသွေးအေးအေးနဲ့ရှုတ်ခဲ့ဖူးတဲ့ဇာတ်လမ်းတွေပဲကြားပြီးHyungကိုBiလို့တစ်ခါလေးတောင်သူမတွေးခဲ့မိပေ။ဘာပဲဖြစ်ဖြစ်မျှော်လင့်ချက်ရောင်ခြည်ကအတိအလင်းကိုသန်းလာတာမလို့ပြတင်းပေါက်ဖက်လှည့်ကာအကြီးအကျယ်ခိုးပြုံးမိသည်။ ဒါကိုကားမောင်းနေတဲ့လူကမြင်ဖြစ်အောင်ကိုလှမ်းမြင်လိုက်ပါသည်။ဘယ်လိုပုံစံနဲ့သူ့ကိုပြန်ကြည့်လာမလဲသိချင်သဖြင့်Mingyuကိုတောက်လျှောက်ကြည့်နေခဲ့တာမလို့Wonwooသေချာကိုမြင်လိုက်ရပါသည်။"ဘာတွေဒီလောက်တောင်ပြုံးနေတာလဲ"
"အာ အာဟို ဝက်ခြေထောက် ဝက်ခြေထောက်ဆိုင်ကအရသာရှိမယ်ထင်လို့"
"အော်... ဝက်ခြေထောက်ကမင်းကိုဒီလောက်တောင်ပြုံးအောင်လုပ်နိုင်တယ်ပေါ့"
"ဒါပေါ့"
KimMingyuနဲ့တွေ့မှWonwooလဲဝက်ခြေထောက်ကိုမနာလိုဖြစ်နေရသဖြင့်မျက်မှောင်ကြုတ်မိသည်။"ကဲ သွားရအောင်Hyung"
ဝက်ခြေထောက်ဆိုင်ရှေ့ရောက်သောအခါMingyuကခြေလှမ်းသွက်သွက်ဖြင့်ဦးဆောင်ကာထွက်သွားသည်။Wonwooကတော့ရှေ့ကအစားအသောက်အတွက်တက်ကြွနေတဲ့လူကိုမျက်စောင်းထိုးကာအနောက်ကပါလာသည်။
____________________________________________ညနေဘက်Cheolကသူ့companyညစာစားပွဲရှိသဖြင့်ရည်းစားလေးကိုပွဲထုတ်ချင်လို့ဟုဆိုကာJeonghanကိုခေါ်လာသည်။ ညစာစားပွဲလုပ်တဲ့ဆိုင်ရောက်တော့အကုန်လုံးရဲ့အကြည့်တွေကသူတို့နှစ်ယောက်ရောက်လာတာနဲ့Jeonghanဆီမှာသွားစုနေကြသည်။ ချီးမွှမ်းသံတွေ ရည်းစားချောချောလေးရထားသဖြင့်CEOကြီးကိုမနာလိုသံတွေကဆူညံနေသည်။ CheolကCEOတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်သူနဲ့ဒီလိုတွဲနေကြတာကိုCheol companyကလူတွေသိသွားရင်CEOတစ်ယောက်ဖြစ်တဲ့Cheolကိုမလေးစားကြမှာမကောင်းပြောကြမှာကိုJeonghanတကယ်ကြောက်သည်။အမြဲတမ်းလဲCheolကိုစိုးရိမ်စိတ်နဲ့တဖွဖွပြောတတ်သည်။Cheolကတော့သူပြောတိုင်း-
"အဲ့ခါကျတော့လဲ Companyကထွက်လိုက်မှာပေါ့Hannieရဲ့
အစထဲကငတ်လို့လုပ်နေတာမှမဟုတ်တာ ငါ့အတွက်မင်းကအကုန်လုံးထက်ပိုအရေးကြီးတယ်"
ဟူ၍သာလူတတ်ကြီးကသူ့ကိုပြန်ပြောလေ့ရှိသည်။ ပြောလိုက်တိုင်းCheolမျက်စိထဲမှာအထင်းသားပေါ်နေတဲ့ပြတ်သားမှုတွေကလဲသူ့ကိုCheolလက်ကိုယုံယုံကြည်ကြည်ကိုင်ကာလျှောက်ရမယ့်လမ်းဘယ်လောက်ကြမ်းကြမ်းမမူတဲ့အင်အားတွေပေးနေသည်။
YOU ARE READING
Love Comforting Embrace
Fanfiction"တစ်ခါတစ်ခါကျလောဘတက်မိတယ်" "ဘာကိုလဲ" "Hyungလက်ကိုဘယ်တော့မှမလွှတ်ချင်လို့" "အခုလဲကိုင်ထားတာပဲလေ" "အာဒီလူကလဲ ထူလိုက်တာ" -minwon- "ChoiSeungcheolငါ့ကိုတကယ်ချစ်တာရောဟုတ်ရဲ့လား" "မင်းနားမှာအမြဲရှိနေတဲ့သူကိုမယုံသင်္ကာနဲ့ဘယ်နှစ်ခါမေးခွန်းထုတ်နေမှာတုန်း" -j...