Part-20

380 44 1
                                    

Jejudoကိုလေယာဉ်စဆိုက်လို့ဖုန်းဖွင့်လိုက်ထဲကMingyuတစ်ယောက်သူ့ဆီတောက်လျှောက်ဖုန်းတစ်ကွမ်ကွမ်ဆက်ပြီးmassageတွေပလုံဆီအောင်ပို့နေမယ်လို့ထင်ခဲ့ပေမယ့် ထင်ထားသလိုမဖြစ်ပဲ ရောက်ထဲကရောက်ပြီလားတစ်ခွန်းတောင်မမေးတဲ့အပြင်အဝင်callမရှိတဲ့ဖုန်းကိုကြောင်စီစီနဲ့Wonwooကြည့်ရင်းအထုပ်ဖြည်နေမိသည်။ ၈နာရီထက်အဆက်အသွယ်ပျက်တာနဲ့ချက်ချင်းလိုက်လာမယ်လို့ရာဇသံပေးထားတဲ့လူက ဖုန်းဆက်တော့လဲမကိုင်တဲ့အပြင် ပို့ထားတဲ့စာတွေလဲမဖတ်ပဲ နေ့တစ်ဝက်နီးနီးပျောက်နေတော့ Wonwooစိတ်ပူကာ နေမထိထိုင််မသာဖြစ်လာရသည်။ မနေသာတဲ့အဆုံးDokyeomဆီဖုန်းဆက်ဖို့ဖုန်းကိုကိုင်လိုက်တော့မှဆရာသမားဆီကဖုန်းဝင်လာတော့သည်။

"ဟယ်လို Hyung ရောက်ပြီလား"

"ရောက်ပြီပေါ့ မင်းဘာလို့ဖုန်းမကိုင်တာလဲ ငါတစ်ခုခုများဖြစ်နေလို့လားဆိုပြီးDokyeomဆီတောင်ဖုန်းခေါ်တော့မလို့"

"ဒီနေ့မနက်ဆိုင်သွားတာဖုန်းကHyungအိမ်မှာကျန်ခဲ့လို့ လိုက်မပို့နိုင်လို့စိတ်မကောင်းဖြစ်နေတာကို အရေးထဲဖုန်းကလဲကျန်ခဲ့သေးတယ်"

"အသိစိတ်ကကပ်မှမကပ်တာ ဖုန်းကကျန်ခဲ့မှာပေါ့ မနက်အစောကြီးထွက်ရမှာမလို့မင်းအိပ်ပါစေတော့ဆိုပြီးမနှိုးပဲထားခဲ့တာ Clientနဲ့တွေ့ဖို့ရောဆိုင်ထိုင်ဖို့ရောနဲ့ကို အိပ်ရေးဝနေမှဖြစ်မှာပေါ့"

"ဒါပေမယ့်လဲနှိုးခဲ့ရောပေါ့Hyungကလဲ နိုးနိုးချင်းဘေးမှာHyungမရှိတာကြီးကိုမကြိုက်ပါဘူး"

"aigoooo KimMingyu ကလေးလဲမဟုတ်ပဲနဲ့ အခုထိမျက်စိနှစ်လုံးပွင့်တာနဲ့လူရှာနေတုန်းလား"

"စလဲခံရမှာပဲ တကယ်မကြိုက်တာကြီးကို"

"အခုအိမ်မှာလား ညစာရော စားပြီးပြီလား"

"စားပြီးပြီခုနက Dokyeomieနဲ့
Hyungရော"

"စားပြီးပြီ"

"မနက်ဖြန်တန်းပြီးshootingစမှာလား"

"Omm ငှါးထားတဲ့နေရာတွေကရက်သိပ်မရလို့"

"ကြားထဲမှာနားရက်ရောရှိရဲ့လား မနေ့ကကျွန်တော်scheduleကြည့်လိုက်တာတော့သိပ်မရှိသလိုပဲ"

Love Comforting Embrace Where stories live. Discover now