Episode - 7

66 5 3
                                    

သွေးစစ်သည် ခက်ထန်ကို စိတ်ပျက်သလိုကြည့်ကာ ခက်ထန်အိမ်ထဲကနေ ချက်ချင်းထွက်လာလိုက်သည်။ လဲ့ယမုံကလည်း ခက်ထန်ကို မျက်စောင်းထိုးကာ ထွက်သွားလိုက်သည်။

ခက်ထန်သည် အိမ်အပေါက်ဝမှာ ထိုင်ချလိုက်ပြီး ခေါင်းမှ ဆံပင်တွေကို ဖွပစ်လိုက်ကာ ကျွတ်ဆိုပြီး စုတ်တစ်ချက်သပ်လိုက်မိသည်။

သွေးစစ်က အိမ်ကိုပြန်ရောက်တာနှင့် အခန်းထဲကို တန်းဝင်ကာ Chemistry စာအုပ်ကို ဖွင့်လိုက်ပြီး ဘောပင်တစ်ချောင်းကို ယူလိုက်သည်။ ထို့နောက် တွက်စာတစ်ခုကို တွက်နေရင်း စာရွက်ပေါ်သို့ တစ်စက်ပြီး တစ်စက်ကျလာတဲ့ မျက်ရည်တွေ။ သွေးစစ်သည် မျက်ရည်တွေစိုသွားတဲ့ စာရွက်ကို ဖြဲပစ်လိုက်ပြီး ရှိုက်သံထွက်အောင်ထိပင် ငိုချမိ‌တော့သည်။

----------------------------

သွေးစစ်သည် ကျောင်းသွားဖို့ အိမ်ပေါ်က ဆင်းလာတော့ ခက်ထန်ကို စက်ဘီးဖြင့် တွေ့လိုက်ရသည်။

"ကျောင်း...အတူသွားမယ်"

ခက်ထန်မျက်ဝန်းတွေက ကျွန်တော့်ကို တောင်းပန်ချင်နေခဲ့သည်။ ဒါပေမယ့် ကျွန်တော် ဂရုမစိုက်ချင်တော့တာကြောင့် ဘာစကားမှ မပြောဘဲ သူ့ဘေးကနေ ထွက်လာလိုက်သည်။

"သွေးစစ်...."

တိုးလျတုန်ရီနေတဲ့ ခက်ထန်အသံကြောင့် ကျွန်တော်ပြန်လှည့်ကြည့်လိုက်သည်။

"မင်းအတွက် သူငယ်ချင်းမှ မလိုတာ မင်းဘာသာ သွားပါ..."

"ငါမနေ့က နည်းနည်းလွန်သွားတယ် ငါတောင်းပန်ပါတယ် ကျောင်းအတူသွားရအောင်"

"ငါမင်းနဲ့ အတူမသွားချင်ဘူး ခက်ထန်"

ပြတ်သားစွာပြောလိုက်ပြီး သွေးစစ်က ပြန်လှည့်သွားသည်။ ခြံအဝနားရောက်မှ ခက်ထန်က သွေးစစ်လက်ကိုဆွဲလိုက်ပြီး သူ့ဘက်ကို ဆွဲလှည့်လိုက်သည်။

ခက်ထန်က ငိုနေခဲ့သည်။

"မင်း...ငိုနေတာလား..."

"ငါ တောင်းပန်ပါတယ် သွေးစစ်ရာ ငါ့ကို အခုလိုကြီး ကျောခိုင်းပြီးထွက်သွားတာမျိုးတွေ မလုပ်ပါနဲ့ ငါမနေတတ်ဘူး ..အရင်လိုပဲ ငါတို့နှစ်ယောက်သူငယ်ချင်း လုပ်ရအောင် နော် သွေးစစ်နော်"

WRONGWhere stories live. Discover now